Chapter 24

1.2K 140 8
                                    

Unicode

အခန်း {၂၄}

ဟာသပြဇာတ်တစ်ရပ်




ကျင်ရွေ့ ဒုတိယနှစ်၊ နှစ်လပိုင်း ရှင်းစစ်နှစ် (မြွေနှစ်)၊ နန်းတွင်းစာမေးပွဲဖြေဆိုဆောင်။

နံနက်မိုးသောက်ယံအချိန်။ မြို့တွင်းလမ်းအသွယ်သွယ်ပေါ်၌ လူတို့၏အသံများ ကျွတ်ကျွတ်ညံလျက်။ လူများစွာသည် စုစုရုံးရုံးဖြင့် စာမေးပွဲဖြေဆိုဆောင်တံခါးအပြင်ဘက်၌ စိတ်အလွန်တရာလှုပ်ရှားစွာ စောင့်‌ဆိုင်းနေကြလေသည်။

ယနေ့သည် အရာရှိစာမေးပွဲ ရလဒ်သတ်မှတ်ချက် ထုတ်ပြန်သည့်နေ့ပင်။ ဘုရင်မင်းမြတ်အသစ်နန်းတက်ပြီးနောက် ပထမဆုံးစစ်ဆေးခြင်းဖြစ်ရာ အာရုံစိုက်မှုများပြားနေပြီး အဓိပ္ပာယ်များစွာဖြင့် ပို၍တောင်ထူးခြားနေပါ၏။

ချန်အချိန်(၇နာရီမှ၉နာရီ)ရောက်သည်နှင့် စာမေးပွဲဖြေဆိုဆောင် တံခါးမကြီးပွင့်လာပြီး စစ်ဆေးရေးအရာရှိဆယ့်နှစ်ယောက်လောက်သည် စာလိပ်တွဲကြီးဖြင့်ထွက်လာ၏။ အဝါရောင်စာလိပ်ကြီးကိုဖြန့်ချလိုက်ပြီး ထိုစာလိပ်အောက် လူစုလူဝေးကြီးရှိနေသည်။ လူအားလုံးသည် ရှေ့သို့တိုးလာကြပြီး စာလိပ်ပေါ်ရှိအမည်စာရင်းအား မိမိတို့နာမည်ပါမပါ ကြိတ်ကြိတ်တိုးလျက် ကြိုးစားကာ ရှာဖွေကြတော့၏။

တခဏအကြာ၊ ဝမ်းသာပီတိဖြစ်နေသူတို့နှင့် အော်ဟစ်ငိုယိုသူတို့ရှိသလို ကျရှုံးလို့ဝမ်းနည်းပက်လက်ဖြစ်သူတို့လည်းရှိသည်။

လျန်ကျန်းသည် မြင်းပြိုင်ပြီး စာမေးပွဲဖြေဆိုဆောင်ရှေ့မှဖြတ်သွားကာ ယောက်ယက်ခတ်နေသည့်အသံများကို နားထောင်နေရင်း နှုတ်ဆိတ်စွာဖြင့် နှုတ်ခမ်းထောင့်များသည် ကွေးတက်သွား၏။

အရာရှိစာမေးပွဲ ကြေငြာချက်ရလဒ်များသည် တစ်ရက်အတွင်း မြို့တော်ထဲသို့ ပျံ့နှံ့သွားလေ၏။ နန်းမြို့တော်အတွင်းမှာလည်း ဤကိစ္စကို အာရုံစိုက်နေသည့် ကျူ့ယွင်ရွှမ်းသည် ချက်ချင်းတက်ရောက်ရတော့သည်။ ကျမ်းဟွိုင်သည် ဝမ်းသာအားရစွာ သူ့အားပြောလာ၏။

မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍ Where stories live. Discover now