1

6K 330 5
                                    

hi ပါ ကျွန်တော့် နာမည်က ရှင်းယုမို ဖြစ်ပြီး အခုတော့ မိုမို လို့ခေါ်ကြတယ် ကျွန် တော်က ကမ္ဘာမြေကြီး လို့ခေါ်တဲ့ နေရာ က တရုတ်နိုင်ငံ မှာနေပါတယ်။

ညဘက် အလုပ်ကပြန်လာတာ တော့ လမ်းကူးရင်း မတော်တဆ ကားတိုက်မိသွားတယ် ။ အမှန်တော့ ကျွန်တော် မီးပွိုင့် ကိုသေချာကြည့် ကူးခဲ့တာပါ ကြည့်ရတာကားသမားကမူးနေတယ်ထင်တယ်။

ကျွန်တော်သေရင်လည်း ကိစ္စမရှိ ကျွန်တော့်မိဘတွေက ကွာရှင်းပြီး အိမ်ထောင်ကိုယ်စီဖြစ်နေကြပြီလေ ။

ကျွန်တော်ကို အဒေါ် ကစောင့်ရှောက် ခဲ့ပေမယ့် လွန်ခဲ့တဲ့ငါး နှစ် လောက်က ဆုံး သွားပြီဖြစ်တယ်။

ကျွန်တော် သေပြီထင်ပေမယ့် အခြားကမ္ဘာမှာ  ပြန်မွေးလာခဲ့တယ် ။ အဲ့ကမ္ဘာက ထူးခြားတယ် မိန်းမတွေအပြင် အမတွေလည်းရှိတယ်။ ထိုနေရာကို သားရဲ ကမ္ဘာ လို့ခေါ်ကြတယ် ။

သားရဲကမ္ဘာမှာ အစကတော့ မိန်းမတွေဘဲရှိပေမယ့် ထူးဆန်းတယ့် ရောဂါတစ်ခု ပျံ့နှံ့ခဲ့တယ် ။ ထိုရောဂါက မိန်းမတွေကို သာကူး ဆက်တာ ကြောင့် မိန်းမတွေတော်တော်များများ သေဆုံးကာ လူဦရေ လျော့ကျလာခဲ့တယ်။

ဒါကြောင့် သားရဲ ယောက်ျား တွေက မျိုးဆက်ပြတ်ပြီး မျိုးတုန်းမှာကြောက်လို့ သားရဲနတ်ဘုရား တွေဆီဆုတောင်းကြတယ်။

ထို့ကြောင့် သားရဲနတ်ဘုရား ကကလေးမွေးနိုင်တဲ့ ယောကျာ်း လေးတစ်ယောက် ကိုပို့ဆောင်ပေးခဲ့တယ် ။ ထိုသူကို အမလို့ခေါ်ကြတယ်။

အမနဲ့ အထီးကို ခွဲခြားရန် အမတွေရဲ့ကျောပေါ်မှာ အမတွေရဲ့ အမှတ်သားရှိကာ အထီးတွေကတော့ သားရဲပုံပြောင်းနိုင်ကြတယ်။ အမတွေကသားရဲပုံတော့ပြောင်းမရပေ။

အမတွေက မိန်းမတွေလို ကလေးမွေးဖွားနိုင်တယ်။ ထိုအမက သားရဲတွေကို ကျန်းမာစွာနေနိုင်ရန် သင်ကြားပေးတယ်။ ထို အမက ခေတ်မှီတိုးတက်နေတဲ့နေရာကနေ လာခဲ့ပေတာကြောင့် သူဟာ အခြားအရာတွေကို ကိုယ်တိုင် လုပ်စရာမလိုပေ ။ ထို့ကြောင့် သူဟာ အသားကင်နည်းတစ်မျိုးသာသိသည်။

ထိုအမက သားရဲတွေရဲ့ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ မှော်စွမ်းအင်တွေကို နိုးထစေပြီး အသုံးပြုနိုင်အောင်သင်ပေးခဲ့တယ်။ မှော်စွမ်းအင်တွေကို သားရဲ အထီး တွေသာအသုံးပြုနိုင်သည်။

ချစ်လှစွာသောသားရဲလေး ( ချစ်လှစွာသောသားရဲလေး)Where stories live. Discover now