4

2K 290 1
                                    

မိုမိုပြောင်းဖူးများခူးပြီးနောက် ဆား အသီးများခူးရန် စမ်းချောင်း နားသို့ပြန်လာလိုက်သည်။

ဆား အသီးဆိုတာက အမဲရောင်အခွံရှိပြီး အထဲတွင် အထဲတွင်ဆားခဲလုံးကြီးရှိသည်။ထိုသို့ ဆားကို အသီးပုံစံနှင့်သူပထဆုံးမြင်ဖူးတာ ဖြစ်ကာ သူဘာလဲသိချင်တာကြောင့် ထိုအသီးကိုခွဲရင်း ဆားတွေ့တော့ဆားအသီး လို့သာ နာမည်ပေးလိုက်သည်။ သူ့နာမည် ပေး skill ကအရမ်းဆိုးသည်မဟုတ်လား

သူ ဆေးပင်နှင့် အသီးအရွက်များကို ခူးပြီး နောက် သူရေချိုးခဲ့သော စမ်းချောင်း လေးသို့ပြန်လာကာ ရေအချို့ကို သူ သုံးလ နီးပါးပြုလုပ်ထားသော နယ်မြေထဲရှိ ကျင်းထဲထည့်လိုက်သည်။

သူ့နယ်မြေထဲတွင် ရေကန် တစ်ခုရှိကာ ထိုရေကန်တွေက ရေသန့်ဖြစ်ကြောင်း အလိုလို သိနေသည်။ ထို အသိစိတ်က 1000% မှန်ကန်လေသည်။

ထို့ကြောင့် ထိုရေတွေ ဘယ်ကလာလဲမသိတာကြောင့် သူမကုန်စေချင်ပေ။ နေ့တိုင်းရေသန့်သာသောက်ချင်ပေမယ့် ရေကိုကျိုချက်ရတာက အရမ်းအလုပ်ရှုပ်လေသည်။

ထို့ကြောင့်သူက ထိုရေတွေကို ချွေတာရန် ထို ကန်နှင့် အနည်းငယ် ဝေးသောနေရာတွင် ကန်ငယ်လေးအသစ်တူးကာ စမ်းချောင်းရေများကိုထည့်ရန်ကြံစည်ထားသည်။

ထိုကန်ကိုတူးတာ လွယ်တော့မလွယ်ပေ ။ တောထဲမှာ အပင်မြင့်တစ်ပင် ရှိကာ ထို အပင်ရဲ့ အရွက်က အလွန်ထက်ကာ ဓားနှင့်တူလေသည် သို့သော် ချို့ယွင်းချက်တစ်ခုရှိသည်

ထိုအရွက်ကအလွန်ပျော့လေသည်။ ထို့ကြောင့် သူထိုအရွက်ကိုမာအောင် ထိုအပင်ရဲ့ အကိုင်းကို ချိုးကာ ထိုမှရတဲ့သစ်စေးနှင့် အရွက်အပေါ်သုတ်လိမ်း ရသည်။

ထိုသစ်စေးက အခြောက်မြန်လွန်းတာကြောင့် သစ်စေး ထွက်တာနှင့် ချက်ချင်း အမြန် အရွက်မှာသုတ်ရသည်။ သူသစ်ပင်မတက် တက်တာကြောင့် တစ်ခါသွားရင် ၄ . ၅ ရွက်လောက်ခူးလေ့ရှိသည်။

သူထိုအပင်ကို သူ့ နယ်မြေထဲ စိုက်ရန် ကြိုးစားသော်လည်း အပင်မပေါက်ပေ ထိုအပင်မှာ အသီးတွေရှိကာ ထို အသီးကိုစိုက်မှရပေမည်။ သို့ပေမယ့် ထိုအသီးက အပင် ထိပ်မှာသာရှိသည်။

ချစ်လှစွာသောသားရဲလေး ( ချစ်လှစွာသောသားရဲလေး)Where stories live. Discover now