2

2.8K 311 0
                                    

ကျွန်တော် အရွယ် ရောက်တော့ ရွာကနေနှင်ထုတ်ခံလိုက်ရတယ်။ ဆက်နေလို့မရတော့ဘူးလေ အစကေတာ့ ကျွန်တော် ၅ နှစ်အရွယ်မှာထွကသွား ရ မှာဆိုပေမယ့် ကျွန်တော့်ကို သားရဲအမတစ်ယောက်က အရွယ်ရောက်သည်အထိ စောင့်ရှောက်ပေးခဲ့သည်။

ကျွန်တော် ထွက်သွား ရမှာသိတာကြောင့် ငယ်ငယ်တုန်းက အထီးအချို့ဆီကနေ ဂူတူးနည်းသင်ထားလေသည်။ အမတစ်ချို့ အသီးတွေ ခူးရန်ထွက်သွားလျှင် ကျွန်တော် လည်းလိုက်သွားကာအသုံးဝင်မယ့်အရာတွေရှာတတ်သည် ။

ကျွန်တော် ထိုအမ နဲ့နေရတာနည်းနည်းတော့ ဒုက္ခရောက်ရသည်။ ကျွန်တော်က အသွင်မပြောင်းနိုင်တဲ့အထီးဖြစ်ပေမယ့် အထီးဆိုတဲ့ ရာထူးကြီးရှိနေသေးတယ်လေ။

သားရဲတွေက သူတို့ လက်တွဲဖော်ကို သူတို့မွေးတဲ့သားက အထီးဆိုရင်တောင် သိပ်မကပ်စေချင်ပေ။ ကျွန်တော်က သူတို့ရဲ့ သားမဟုတ်တော့ပိုဆိုးတာ ပေါ့။

ကျွန်တော့် ဂူ ကိုကျွန်တော် ၅နှစ်လောက် ကတည်းက ဖြည်းဖြည်း ချင်းစတူးခဲ့သည်။ ထို့နောက် ပွားလွယ်ကာ အကြမ်းခံသည့် နွယ်ပင်များကို ဂူဝ၌ စိုက်ထားသည်။

ကျွန်တော့် ဂူ က ရွာနဲ့ နည်းနည်းတော့ ဝေးသည်။ ဂူရှေ့မှာနွယ်ပင်တွေရှိတာ ကြောင့် အရိုင်းသတ္တဝါတွေ နှင့် အထီးများရန်ကကာကွယ်ပေးသည်။

အရိုင်းသတ္တဝါတွေက ကျွန်တော် တို့ ကမ်ဘာမြေ ကလိုပင် ဒါပေမယ့် ပုံစံကတော့မတူပေ။
နားလည်အောင်ပြောရရင် အထီး အမ မိန်းမ တွေက လူတွေဖြစ်ကာ အရိုင်းသတ္တဝါတွေက တိရိစ္ဆာန်များဖြစ်သည်။

ကျွန်တော် အစကေတာ့ အပေါ့အလေး ပြဿနာ ကိုဘယ်လိုဖြေရှင်းရမလဲစဉ်းစား မိပြီး ဒုက္ခရောက် တော့သည် ။ အမှန်တော့ ထို ကိစ္စက သူထင်သလောက်မရှုပ်ပေ သန့်ရှင်းရန် အခြေခံမှော်ကိုသာရွတ်ဆိုရန်လိုအပ်သည့်။ ထိုမှော်က အခြေခံစွမ်းအင်ဖြစ်တာကြောင့် အထီးသာမက လူတိုင်း အသုံးပြုလို့ရသည်။

ရှင်းယုမိုဟာ နူးညံ့တဲ သားမွေးပေါ်တွင်အိပ်ပျော်နေလေသည်။ သားရဲ အထီး အများစုက အမဲလိုက်ရာတွင် အသားကိုသာပြန်ယူသွားပြီး ကျန်တဲ့ အရိုးနဲ့ အသာစအချို့နှင့် အတွင်းကလီစာများ အပြင် သားမွှေးတွေကို ထားခဲ့ကြသည်။

ချစ်လှစွာသောသားရဲလေး ( ချစ်လှစွာသောသားရဲလေး)Where stories live. Discover now