9

1.7K 246 17
                                    

မိုမို နှင့် ဖုန်းကျင်း တို့နှစ်ယောက်သားတောထဲသို့ အမဲလိုက်ရန်သွားတော့သည်။ နောက်ရက်အနည်းငယ်ဆိုရင် ဆောင်းဝင်မည်ဖြစ်တာကြောင့် ဂူထဲတွင်သာအေးဆေးနေသင့်သော်လည်း ဖုန်းကျင်း ရောက်လာတာကြောင့် လူနှစ်ယောက်ဖြစ်သွားကာ ရိက္ခာမလောက်ပေ။

ထို့ကြောင့် မိုမိုက သူ့မီးဖိုချောင်ရှိ နွယ်ကြိုးဖြင့်ပြုလုပ်ထားသော ခြင်းအကြီး နှစ်လုံးကိုယူလိုက်သည်။ ပုံမှန်ဆိုသူရသမျှ နယ်မြေထဲပစ်ထည့်တက်သော်လည့် ခုတော့ အခြားလူတစ်ယောက်ရှိနေသည်လေ။

ဘယ်လိုဘဲ ခင်တယ်ပြောပြော လိှု့ဝှက်ချက်တိုင်းပြောပြလို့မှမရတာ။ ဖုန်းကျင်း သူ့ကိုပေးသော ခြင်းတောင်းကိုကြည့်လိုက်သည်။ ထို့နောက်သူရုတ်တရက်တွေး မိသည်မှာ မိုမို က သားရဲနတ်ဘုရားရဲ့ ကောင်းချီးပေးမခံရတာ သေချာလားဟုပင်။

သူ ( မိုမို)က မီးလည်းမွှေးတတ်သလို ထူးဆန်းသော အရာများလည်းလုပ်တတ် ကာ အချို့အရာတွေဆို ကျမ်းစာထဲတွင်ပင်ဖော်ပြထားခြင်းမရှိပေ။ ဖုန်းကျင်း ထိုခြင်းကို လွယ်ကာ မိုမို နောက်လိုက်သွားတော့သည်။

အချိန်အချို့ကြာပြီးနောက် ဖုန်းကျင်း ကျောရှိခြင်းတောင်းတွင် သားကောင်ငယ်လေးများရှိနေသည်။ ဘယ်လိုဘဲ သားရဲနတ်ဘုရား ကောင်းချီး ပေးခြင်းမခံရဘူးပြောပြော အထီး က အထီးများပင် ။

မိုမို ဖုန်းကျင်း ကိုအားကျစွာကြည့်လိုက်မိသည်။ အထီးချင်းအတူတူတောင် ဘာလို့သူက အမဲမလိုက်နိုင်တာလည်း။

ယနေ့တွင် ဖုန်းကျင်း ရှိတာကြောင့် တောအနက်ပိုင်းထိသွားဖြစ်ကြကာ ဆားအသီးအချို့နှင့် ဟိုလို သီး အချို့ကို ကိုပါခူးလိုက်သည်။

ဟိုလိုသီး တွေက ပျော့ပျောင်းသော ကန်စွန်းဥ ပုံစံမျိုးရှိကာ အပင်ထိပ်တွင်သာပေါက်ကြပြီး ၎င်း တို့ကို အချိန်ကြာကြာ နေလှမ်း ထားလျှင် ခြောက်သွေ့ပြီး အပြင်ခွံက မာသွားကာ ခွဲလိုက်လျှင်သကြားများရသည်။

ထိုအသီးများက များသောအားဖြင့် တောနက်ထဲတွင်ရှိသည့်အပြင် အပင် ထိပ်မှာ သာပေါက်ကြတာများသည်။ ထို့ကြောင့်သူ သကြားမစားနိုင်တာပင်။ ယခုတွင်ဖုန်းကျင်းပါ ပါလာတာကြောင့် သူ့ကိုခူးခိုင်းလို့ရသည်။

ချစ်လှစွာသောသားရဲလေး ( ချစ်လှစွာသောသားရဲလေး)Where stories live. Discover now