14

1.6K 226 21
                                    

ဖုန်းကျင်းကမြွေကို ဖမ်းရန် အနားသို့သွားလိုက်တော့ မြွေက ပိုပြီးလူးလွန့်လာကာ လူတစ်ယောက်အဖြစ်ပြောင်းသွားသည်။

ရုတ်တက် လူနှစ်ယောက်မှာ နှင့် ကြောင်တစ်ကောင် အေးခဲသွားသည်။ မီမီ က ထိုမြွေကြီးက လူပြောင်းသွားတာကိုမြင်တော့ လန့်သွားပြိး မိုမို နောက်သို့ပြေးသွား လေသည်။

"ကျွန် ကျွန်တော့် ကိုမသတ်ပါနဲ့ ကျွန်တော်ကလူကောင်း "
ထိုလူရဲ့စကားမဆုံးခင် ရုတ်တရက် မြွေပုံပြောင်းသွားသည်။

ခဏကြာတော့လူပုံပြန်ပြောင်းသွားပြန်သည်။

"ကျွန်တော်ကလူကောင်းတစ်ယောက်ပါ"

ထိုသို့ပြောပြီးနောက် မြွေပြောင်းသွားပြန်သည်။ ခဏကြာတော့လူပြန်ဖြစ်သွားသည်။

"ခင်ဗျား ထိုင်ပြီးပြောပါလား"

"ကျွန်တော်က အန်းဟွေ့လုံ ပါ ကျွန်တော်က လူပုံစံကိုမထိန်းနိုင်ဘူး အဲ့တာကြောင့် လူပုံပြောင်းရင် ဘယ်လောက်မှမကြာဘဲ သားရဲ ပြန်ဖြစ်ဖြစ်သွားလို့ မျိုးနွယ်စုက နှင်ထုတ်ခံရတာ"

ဟွေ့လုံ ပြောရင်းတစ်ဝက်မှာ လူပုံကနေ သားရဲပြောင်းပြောင်းသွားတာမို့ သူ့ရဲ့စကားကို အတော်လေးအချိန်ယူ နားထောင်လိုက်ရသည်။

ဖုန်းကျင်း မျက်လုံးထဲ စာနာသည့် အရိပ်ရောင်များပေါ်လာသည်။

"ဟွေ့လုံက ဘယ်မျိုးနွယ်စုကလည်းဟင်"

သားရဲပုံပြန်ပြောင်းသွားသော ဟွေ့လုံ လူပုံပြန်ပြောင်းရပြန်သည်။

"ကျွန်တော်က အနက်ရောင် မြွေမျိုးနွယ်စုကပါ"

ထိုသို့ပြောပြီး သားရဲပုံပြောင်းသွားပြန်သည်။

"ကိုယ်ကြားဖူးတယ် အနက်ရောင်မြွေ ဘိုးဘေးတွေက အရင်တုန်းက ရေ ကိုထိန်းချုပ်နိုင်ကြတယ်"

ဖုန်းကျင်း က မိုမို ကြောင်တောင်တောင် ဖြစ်နေတာမြင်တော့ သူသိကြောင်း ဂုဏ်ယူစွာပြောလိုက်သည်။

ဟွေ့လုံ ကလည်း သူ့ရဲ့မြွေခေါင်းကို အပေါ်အောက် တညိ့မ်ညိမ့်ဖြင့် ဂုဏ်ယူစွာ ယမ်းပြနေသည်။ မီမီက မိုမိုနောက်ကနေထွက်ပြီး ဟွေ့လုံနား မသိမသာလေးတိုးကပ်သွားပြီး ဟွေ့လုံ ကိုစိတ်ဝင်စားစွာကြည့်နေသည်။ ထို့နောင် သူ့ရဲ့ ဖြူဖွေစပြည့်ဖောင်းသော လက်လေးကိုထုတ်ကာ ဟွေ့လုံ အမြီး ကို ဖွဖွလေးထိကြည့်လိုက်သည်။ သူ့ရဲ့လက်က ဟွေ့လုံအမြီးကို ထိမိသည်နှင့် မိုမိုထံနောက်လှည့်ပြေးတော့သည်။

ချစ်လှစွာသောသားရဲလေး ( ချစ်လှစွာသောသားရဲလေး)Where stories live. Discover now