12

1.5K 240 14
                                    


မိုမို တို့ထွက်သွားတာကိုကြည့်ရင်း ကျန်းကျန်းက သူမမိတ်ဖက်ကိုပြောလိုက်သည်။

"လောင်ကျန့်ကိုပြောလိုက် ကျွန်မတို့ အဖြူရောင် ဝံပုလွေ ရွာဆီသွားမယ်လို့"

"အင်းအိမ်ပြန်ကြတာပေါ့"

"လောင်ကျန့်က သူ့မိတ်ဖက်နဲ့နေချင်လည်းနေခဲ့ခိုင်းလိုက်"

မိုမို တို့က သိပ်အဝေးကြီးကိုမရောက်သေးတာကြောင့် သူ့အမေပြောနေသည်များကိုကြားလိုက်ရသည်။

သူသိသလောက်တော့ အဖြူရောင် နှင်းဝံပုလွေ များက အုပ်စုဖွဲ့နေကြပြီး အရမ်းစည်းလုံးကြကာ ထက်ရှသော အမြင်နှင့် အနံခံကောင်းသော နှာခေါင်းများ အမွေရထားကာ တိုက်ပွဲဝင်နိုင်စွမ်းကတော့ အလွန်ထူးချွန်ကြသည်။

သူ့အမေက အဖြူရောင်နှင်းဝံပုလွေ မျိုးနွယ်စုက ဖြစ်ကာ အနက်ရောင်ကျားသစ် ရွာသို့ရောက်လာရသည်မှာ သူမရဲ့မိတ်ဖက်အသစ်ကြောင့်ပင်။

အနက်ရောင်ကျားသစ်က သူမ ကို ချစ်မိသွားပြီးနောက် မိတ်ဖက်အဖြစ်ဆွဲဆောင်ခဲ့ကာသူမလည်းလက်ခံခဲ့သည်။

သူ့အမေတွင် ရှိသောမိတ်ဖက်များက မျိုးနွယ်စုတစ်ခုတည်းကမဟုတ်ဘဲ အမျိုးမျိုးသောသားရဲများပင်ဖြစ်သည်။

ဒီကမ္ဘာ တွင် လူတစ်ယောက်ထက်မက ချစ်မိနိုင်ကာ ထိုအချစ်က သံသယမရှိအချစ်စစ်ပင်။ ဘာကြောင့်ဆိုတော့ သားရဲကမ္ဘာ ကလူများကရိုးရှင်းကြကာ သူတို့မကြိုက်ရင်မကြိုက်ဘူးဟု ပြောင်ပြောကြတာကြောင့်ပင်။

အချစ်ဆိုတာထုးဆန်းသည့်အရာပင်။ ထားပါ သူကမှမချစ်ဖူးသေးတာ။

......

"နှင်းကျနေပြီ"

ကျန်းကျန်း သူမရှေ့တွင် ဖြည်းညင်းစွာ ကျဆင်းလာသော အဖြူရောင် နှင်းများကို လက်ဖြင့်ခံရင်း အဝေးသို့ကြည့်ကာပြောလိုက်သည်။

"ကိုယ်တို့သွားရအောင် သူ့ကိုစိတ်မပူနဲ့ သူကအရွယ်ရောက်ပြီ"ဟုမိတ်ဖက်သားရဲ တစ်ယောက်ကပြောရင်း သူ့ရဲ့ အနက်ရောင်ကျားသစ် ပုံပြောင်းလိုက်သည်။

"ကျန်းကျန် မင်းကအားနည်းတယ် သူနဲ့လိုက်သွားလိုက် အနက်ရောင်ကျားသစ် တွေက အပြေးမြန်တာကြောင့် အဖြူရောင်နှင်းဝံပုလွေ မျိုးနွယ်စုကိုအမြန်ရောက်သွားလိမ့်မယ် ကိုယ်တို့က ပစ္စည်းတွေကိုသယ်ပြီးရင်လိုက်လာမယ်ဟုတ်ပြီလား"

ချစ်လှစွာသောသားရဲလေး ( ချစ်လှစွာသောသားရဲလေး)Where stories live. Discover now