11

1.4K 249 8
                                    

မိုမို ဂူသို့ပြန်ရောက်လာတော့ အခြောက်လှန်းထားသောအသားများကိုသိမ်းကာ ကျန်သော အသားများကို အခြောက်လှန်းလိုက်သည်။ သူဂူထဲဝင်သွားတော့ ဖုနကျင်းက သားမွှေးများကို ညှပ်ပြီးနောက် ဘေးတွင် ခေါက်ထားပြီး သပ်သပ် ရပ်ရပ် စီနေတာကိုတွေ့လိုက်ရသည်။

"ပြန်လာပါပြီ"

"ကိုယ်မင်းပြောတဲ့အတိုင်းညှပ်ထားတယ် အဆင်ပြေလားတော့မသိဘူး"

မိုမို သားမွေးတွေကိုကိုင်ကြည့်လိုက်တော့ နည်းနည်း မသပ်မရပ် ဖြစ်ပေမယ့်လို့ အတော်လေးအဆင်ပြေသည်။

"အဆင်ပြေပါတယ်"

"ဟုတ်သား ကိုယ်ဘာရလာလည်းကြည့်"

ထိုသို့ပြောပြီးနောက်ဖုန်းကျင်းက ပန်းနုရောင်အသီးများကို ထုတ်ပြလာသည်။

"ကိုယ်အလုပ်တွေပြီးသွားတော့ မင်းပြန်မလာသေးတာနဲ့ အပြင်ကို ခဏ ထွက်ပြီးပျံသန်းနေရင်း လိုလု အသီးတွေတွေ့လို့ယူလာတာ"

လိုလု အသီး များက အစိမ်းဆို အနီရောင်ရှိပြီး မှည့်သွားလျှင် ပန်းရောင်ရှိကာ ချိုချိုချဉ်ချဉ် အရသာရှိတာကြောင့် အမနှင့်မိန်းမ များက အလွန်ကြိုက်ကြသည်။
အရွယ်က ပန်းသီးအရွယ်ရှိပြီး လန်းဆန်းစေတယ့်ရနံလည်းရှိပေမယ့် ရှာရတာ အလွန်ခက်သည်။

ဖုန်းကျင်းက လိုလုသီး အလုံးနှစ်ဆယ်နီးပါးလောက်ခူးလာခဲ့သည်။ မိုမိုက ထိုအသီးများကိုကြည့်ပြီးနောက် အသီးခြောက်လုပ်ရန်ဆုံးဖြတ်လိုက်သည်။

ထိုအသီးများက အလွန်များတာကြောင့် သူတို့နှစ်ယောက်စားရင်တောင် ကုန်မှာမဟုတ်ပေ ပြီးတော့ထိုအသီးများက အထားမခံတာကြောင့် အသီးခြောက်လုပ်တာအကောင်းဆုံးပင်။

မိုမိုက လက်ဆေးပြီးနောက် ထိုအသီးများကို သန့်ရှင်းသော သစ်သား တစ်ခုပေါ်တင်ကာ စတင် ဖြတ်တော့သည်။

ပထမဆုံး အသီးကို အလယ်ကနေ ဖြတ်ပြီး အစေ့ကိုထုတ်လိုက်သည်။ ထို့နောက်တွင် အသီးကိုမှောက်လိုက်ပြီး အနေတော်အတုံးများတုံးလိုက်သည်။

ဖုန်းကျင်းဘေးတွင်ထိုင်ကာ မိုမို လုပ်နေသည်များကိုကြည့်ပြီးနောက် မီးဖိုချောင်ထဲဝင်သွားသည်။

ချစ်လှစွာသောသားရဲလေး ( ချစ်လှစွာသောသားရဲလေး)Where stories live. Discover now