15

1.5K 245 8
                                    

မိုမို တို့ ခရီးဆက်နေတာ သုံးရက်ကြာပြီဖြစ်ကာ မကြာခင် ဥဒေါင်း ရွာသို့ရောက်လာသည်။

ဥဒေါင်းရွာက ဆောင်းဝင်ပြီဖြစ်သော်လည်းဆောင်းမခိုကြသေးပေ။ မိုမိုကြောင်ကြည့်နေတာကြောင့်ဖုန်းကျင်းကရှင်းပြသည်။

"ဥဒေါင်းတွေက တစ်ခြားသူတွေထက်ဆောင်းခိုတာနောက်ကျတယ် သူတို့ကဆောင်းဝင်ပြီး နှစ်လကျော်ကျော်လောက်မှဆောင်းခို လေ့ရှိကြတယ်လေ ပြောကြတာကတော့ဆောင်းက ဘာဆိုလား ကိုယ်လည်းမမှတ်မိတော့ဘူး"

"ရပါတယ် ကိစ္စမရှိပါဘူး "

မိုမို ဇိုင်းရွက် တွေထည့်ထားသည့် ခြင်းကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။ အလုပ်ဖြစ်ပါစေလို့မျှော်လင့်ပါတယ်။

သူ ရွာထဲသို့ဝင်သွားတော့ အစိမ်းရောင် လှပသော ဇိုင်းကွက်များတွင် အရောင်တောက်တောက် ကျောက်များသီထားသည့် ဝတ်စုံ များကိုဝတ်ထားက အလယ်ရှိမီးပုံ ကြီးတွင်မီးလှုံနေကြပြီး ကလေးအချို့ကပြေးလွှားနေကြသည်။

ရုတ်တရက် ထိုသက်သောင့်သက်သာ ရှိသော လေထုက ပြိုကွဲသွားကာ အားလုံးက သူတို့ကိုသတိထားကြည့်နေကြသည်။

လူနှစ်ယောက်နဲ့ အကောင်နှစ်ကောင်ကတော့ နေရာမှာတင် ခဲသွားကြပြီး နောက်ဆုံးတော့ မိုမို ကရှေ့သွားကာ နှုတ်ဆက်လိုက်သည်။

"တွေ့ရတာဝမ်းသာပါတယ် ကျွန်တော်က မိုမို ပါ ဒီဘက်ကတစ်ယောက်က ဖုန်းကျင်း ကျွန်တော်တို့ကကုန်သည်တွေပါ"

ထိုလူတွေက သူတို့ကိုအချိန်အတော်ကြာ စိုက်ကြည့်ပြီး အန္တရာယ်မရှိတာ သေချာမှ အမ တစ်ယောက်က သိချင်စိတ်ပြင်းပြသော အသံသေးသေးလေးနှင့်မေးလာသည်။

"ကုန်သည်ဆိုတာက ဘာကြီးလည်း "

"ကုန်သည်ဆိုတာက ပစ္စည်းတွေ လဲလှယ် ရောင်းချတဲ့သူတွေပါ "
မိုမိုကရှင်းပြလိုက်သည်။

" ရောင်းတယ်??? "

ကျန်သည့်လူတွေက အနည်းငယ်တွေဝေနေတာတွေ့တော့မိုမိုက အသေးစိတ်ရှင်းပြလိုက်သည်။

"ရောင်းတယ်ဆိုတာက ကိုယ့်မှာရှိတယ့်ပစ္စည်းတွေကို အဲ့ကစ္စည်းတန်ဖိုးနဲ့ တန်တဲ့ အရာတစ်ခုနဲ့ပေးပြီးယူရတာ လဲလှယ်တာက ကိုယ်ထံမှာရှိတယ့်ပစ္စည်းနဲ့ သူများဆီမှာရှိတယ့်ပစ္စည်းကို ညှိုနှိုင်းပြီး ယူတာပါ"

ချစ်လှစွာသောသားရဲလေး ( ချစ်လှစွာသောသားရဲလေး)Where stories live. Discover now