အဝါရောင်ဒဏ်ရာနှင့် ရာဇဝင် - ၁

445 34 20
                                    


မြင်ကွင်းများ..။

မြင်ကွင်းများ အားလုံးသည် အနိဋ္ဌာရုံများဖြင့် ပြည့်နှက်နေသည်..။

ကားမှန်ကနေတစ်ဆင့်မြင်နေခဲ့ရတဲ့ မြင်ကွင်းတွေမှာ သွေးများ... တစစီဖြစ်နေခဲ့သော ခန္ဓာအစိတ်အပိုင်းများ..။

နေ့ခင်းကြောင်တောင်ထဲ ဖွင့်ထားခဲ့သော ကားရှေ့မီးများ..။

တစ်ဦးနှင့်တစ်ဦး ခုတ်ထစ်သတ်ဖြတ်နေကြခြင်းများ..။

ပြာမှုန့်များ..။ မြင်နေခဲ့ရသည့် ကားရှေ့အဖုံးမှ မီးခိုးငွေ့များ..။ ပြေးလွှားနေကြသူများ..။

သူ့ဘဝသည် ချက်ချင်းပြိုဆင်းသွားသလို ခံစားလိုက်ရသည်..။

"သားငယ်.. သားငယ်... သားငယ်ရယ်.."

တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားခဲ့တဲ့ သုံးနှစ်အရွယ်ကောင်လေးဟာ လက်မောင်းတွေကြားမှာ ပျော့ခွေလို့နေဆဲ..။

ဆို့နင့်ပြည့်တက်လာသော နှလုံးသားဟာ လည်ချောင်းဝမှာ နင်နေပြီး သည်းအူမှာ ပူဆွေးလောင်မြိုက်နေသလို ခံစားခဲ့ရသည်..။

"အား..!"

သိမ့်ခနဲတုန်သွားသော ကားခန္ဓာကိုယ်အပေါ်ပိုင်းကြောင့် ဧကမာန်ဦးမှာ သတိလက်လွတ်အော်ဟစ်လိုက်မိသည်..။

တစ်ခုခုဆို အသည်းအသန် မျက်မှန်ကို စမ်းပြီး ရှာရသည်..။ ရှာတွေ့တော့လည်း ဘယ်ဘက်မှန်မှာ အောက်နားက အက်နေ၏..။ နားထဲတွင် တဝီဝီမြည်ကာ လေတွေထွက်နေသည်ကိုလည်း ကြားရသည်..။ နားထင်မှ သွေးစီးကြောင်းတစ်ကြောင်းစီးကျနေပြီး ခေါင်းများမှာ ဒေါင်ချာစိုင်းအောင် မူးနေသည်..။

အရာအားလုံးကို နားလည်ဖို့လည်း ခက်နေ၏..။ 'လေထုထဲတွင် အဆိပ်သင့်ဓာတ်ငွေ့တစ်မျိုး မတော်တဆ ပေါက်ကွဲထွက် လွင့်ပျံနေ' ဟူသော ခေါင်းစီးပိုင်းသတင်းများ အရေးပေါ်ကြားဖြတ်သတင်းများ ကြေညာချက်များအလွန် နောက်ထပ်ခုနှစ်ရက်မြောက်တွင် လူများ အားလုံး ရုန့်ရင်းခတ် သတိစိတ်လွတ်ကုန်သည်..။ ကြမ်းတမ်းကြကုန်သည်..။ သွေးထွက်သံယိုမြင်ကွင်းနှင့် ဖြစ်ရပ်များသာ နေရာတိုင်းတွင် ပြည့်နှက်ကြကုန်၏..။

အဝါရောင်ဒဏ်ရာနှင့် ရာဇဝင်Where stories live. Discover now