အဝါရောင်ဒဏ်ရာ - ၇

76 12 5
                                    

ညှို့သည် ရင်ခေါင်းထဲမှ ရှိုက်သံတစ်ချက်ဖြင့် ရုတ်ခနဲ လန့်နိုးလာချိန်တွင် ဝန်းကျင်တစ်ခုလုံး မည်းမှောင်နေသည်ကို တွေ့ရလေ၏..။

သူ၏ ညာဘက်လက်ချောင်းများကြားမှ တင်းကျပ်ပိတ်လှောင်နေသည့်အထိအတွေ့ကို ခံစားရတာကြောင့် အတန်ငယ် ရုန်းကန်ကြည့်လိုက်သော်လည်း ထူးမခြားပဲ ရှိသောကြောင့် အသာပြန်ငြိမ်နေလိုက်ပြီး ထထိုင်ရန် ကြိုးစားကြည့်လိုက်သည်..။

တစ်ကိုယ်လုံးမှာ ဟိုမှသည်မှ နာကျင်နေသော်လည်း အိပ်မရပဲ ရေငတ်လှ၏..။

"မသေသေးဘူးပဲ.."

မှောင်ရိပ်မည်းကြီးထဲ ဘေးဘက်မှ စကားသံကြောင့် ဆတ်ခနဲ တုန်သွားသော်လည်း ကျင့်သားရနေပြီဖြစ်သောမျက်လုံးတို့က သူ၏ လှုပ်ရှားမှုကြောင့် နိုးလာသော ထိုလူအား ကောင်းစွာ မြင်နေရသေးသည်။

ညှို့သည် သစ်ပင်ပေါ်မှ ပြုတ်ကျလာသည်ကို မှတ်မိ၏..။

ပြီးနောက် ထိုသူ၏..။ ရှည်လျားကာ.. ပန်းသွေးဖျော့သော ထိပ်ဖျား..။

ဖျတ်ခနဲ လင်းလာသော ဆေးခန်းမှ မီးချောင်းများမှာ သူ၏ မျက်လုံးများကို စူးအောင့်ကာ မူးဝေစေတာကြောင့် အလင်းများမှ ကာကွယ်ရန်လက်ကိုမြောက်လိုက်မိချိန်တွင် သူ၏ ညာဘက်လက်ခုံတစ်ခုလုံးမှာ အဝတ်ဖြူဖြူများဖြင့် ပြည့်နှက်နေသည်ကို တွေ့ရလေ၏။

ညှို့သည် ကျင့်သားမရသေးသော မီးရောင်ဖြူဖြူများကြား ဝိုးတဝါးဖြစ်နေရင်းမှ တွေ့လိုက်ရသည်မှာ မျက်ရစ်မပါသည့် ကြောင်သဏ္ဌာန်မျက်ဝန်းတစ်စုံမှာ ဒေါသအရောင်တို့ဖြင့် ပြည့်နှက်လျက်..။

ထိုချစ်စဖွယ်ကောင်းသည့်မျက်ဝန်းများနှင့် မလိုက်ဖက်စွာ တောင့်တင်းပြတ်သားနေလှသည့် ထိုသူ၏ မေးရိုးတို့ ထင်းရှင်းစွာ ပေါ်လွင်နေသည်မှာ အံကြိတ်ထားမှန်း သိသာလှပေ၏။

ပုံမှန်ဆိုလျှင် ဆေးခန်းထဲတွင် အမြဲရှိနေတတ်သည့် ဆေးဆရာဝန်အစ်ကို၏ အမည်မှာ အဏ္ဏဝါဖြစ်ပြီး ယခု သူ့ရှေ့မှ ထိုသူ၏အမည်မှာ မည်သို့ဖြစ်သည်ကို မသိ။

ရှိစေတော့..။ မသိတာက ပို၍ ကောင်းသေးသည်။

ညှို့သည် အနည်းငယ်မျှ မလုံမလဲဖြစ်စွာ ချောင်းဟန့်လိုက်ကာမှ လည်ချောင်းထဲမှ ခြောက်သွေ့နာကျင်နေဆဲဖြစ်သည်ကို သဘောပေါက်လေသည်။

အဝါရောင်ဒဏ်ရာနှင့် ရာဇဝင်Where stories live. Discover now