အဝါရောင်ဒဏ်ရာ - ၁၅

51 7 5
                                    


ခေါင်းထဲတွင် ဗလာဖြစ်နေသည်။ ခံစားသိမှု မဲ့၏..။

ခန့်သည် ဆရာဝန်ဆေးစာဖြင့် ဝယ်ယူခဲ့သည့် အိပ်ဆေးတစ်လုံးအား ရေဖြင့်မျှောကာ မော့ချလိုက်ပြီး ဖန်ခွက်အား စားပွဲပေါ်သို့ ပြန်တင်ထားလိုက်သည်။ ထို့နောက် လက်ကိုပြန်ရုတ်လိုက်ချိန်တွင် စားပွဲပေါ်မှ ပစ္စည်းတစ်ခု၏ ရောင်ပြန်ဟပ်မှုအား အမှတ်မထင် သတိထားမိသွားလေ၏..။

အဝါရောင် မျက်စဉ်းဆေးဘူးလေးပင်ဖြစ်သည်..။

ခန့်သည် ထိုအဌဂံဘူးလေးအား ကောက်ယူပြီး လက်ညှိုး ၊ လက်မဖြင့်ညှပ်ကာ နံရံပေါ်မှ မီးချောင်းဆီသို့ ထောင်ပြီးကြည့်လိုက်သည်..။ မျက်လုံးတစ်ဖက်မှိတ်ထားသော သူ၏မြင်ကွင်းထဲတွင် ကြည်လင်နေသည့် ထိုအဝါရောင်ဘူးလေးမှာ တလက်လက်တောက်နေခဲ့၏..။

လက်ကိုဖြည်းညှင်းစွာ ပြန်လည်၍ ချလိုက်သည်..။ ကြည်လင်နေသည့် သူ၏အမူအရာမှာ တစနဲ့တစ မှုန်မှိုင်းပြီး ဗလာဖြစ်သွားခဲ့၏။

ထိုင်ခုံရှေ့တွင် ပြန်ထိုင်ချလိုက်ပြီး ကွန်ပျူတာကို ဖွင့်လိုက်သည်။ လှုပ်ရှားမှုမရှိသော မျက်ဆန်များဖြင့် ဖိုင်တစ်ခုကို ဖွင့်လိုက်မိချိန်တွင် အသွေးအသားများ ပုပ်သိုးပြီး ၊ အကြောအချဉ်များ အေးခဲကုန်သည့်တိုင်အောင် တဆတ်ဆတ်တုန်ယင်လျက် ဝမ်းထဲမှ တုန်လှုပ် လောင်ကျွမ်းမှုအား ခံစားခဲ့ရသည်..။

ထိုဗွီဒီယိုပင် ဖြစ်၏..။

လှုပ်ရှားနေသော လူနှစ်ယောက်၏ပုံရိပ်များ ရှင်းရှင်းလင်းလင်းမြင်နေရပြီး ခန့်သည် စိတ်လှုပ်ရှားမှုကြောင့် ကိုယ့်အသားအရေကိုယ် သံဘရက်ရှ်နှင့် ပွတ်တိုက်ဆေးကြောမိတော့မလို ခံစားနေရသည်။

ခံစားချက်များပြည့်နှက်ကာ ဝမ်းတွင်းမှ အန်ချင်လာသောစိတ်အား လက်သီးများတင်းတင်းဆုပ်ကာ ထိုဗွီဒီယိုကို တစ်နေရာသို့ ပို့ဖို့ကြိုးစားလိုက်သည်။

သူ၏မျက်လုံးအစုံမှာ ပို၍ အေးစက်မှုန်မှိုင်းလာသည်။ ဂုတ်ထိထောက်နေသော ဆံပင်ချွန်ချွန်ကလေးကို အသည်းအသန် ဆောင့်ဆွဲထားမိပြီး ဦးရေပြားများ မခံမရပ်အောင် နာလာသည်ကို မေ့လျော့ထားလိုက်သည်။

အဝါရောင်ဒဏ်ရာနှင့် ရာဇဝင်Dove le storie prendono vita. Scoprilo ora