အဝါရောင်ဒဏ်ရာနှင့် ရာဇဝင် - ၃

76 17 5
                                    




နေရောင်မရှိတော့သော်လည်း ဝန်းကျင်တစ်ခုလုံးမှာ ရွှေရောင်သမ်းနေသည်..။ လှပသော နွေညနေတစ်ခုဖြစ်၏..။

"ဒီလောက်ဆိုရင် Drug Stores တွေကို စွဲလမ်းတဲ့ရောဂါ ရနေတာ မဟုတ်ဘူးလား.."

အပြာရောင်ပန်းပွင့် ခပ်သေးသေး ခပ်စိပ်စိပ်လေးများပါသော ဂါဝန်ကို ဝတ်ဆင်ထားသည့် လှိုင်းနဒီ၏ နောက်သို့ တကောက်ကောက်လိုက်နေရသော ခန့်သည် စိတ်ညစ်ညူးစွာပင်..။

သို့သော်လည်း သူ စာရေးကိရိယာဆိုင်ထဲတွင် အခေါက်ခေါက်အခါခါ ပတ်လျှောက်နေသည့်အချိန်တုန်းက နောက်ကလိုက်ရသူမှာ နဒီဖြစ်သည်မို့ ကြည်ဖြူစွာ နောက်မှ လျှောက်နေရခြင်းပင်..။

"နင် ဘာသိလို့လဲ..။ Drug stores တွေမှာရောင်းတဲ့ ပစ္စည်းတွေကမှ စိတ်ချရတာ..။ ငါ့မှာ တံဆိပ်အတုတွေ မိတာ ခဏ ခဏပဲ.."

ပြောဆိုရင်းဖြင့် နေလောင်ခံလိမ်းဆေးတစ်ဘူး၏ ဘူးခွံပေါ်မှ ပါဝင်ပစ္စည်းများကို အသည်းအသန် ငုံ့ဖတ်နေပြန်သည့် နဒီ့ကြောင့် ခန့်မှာ မျက်လုံးသာ လှန်လိုက်မိတော့၏..။

"အဲ့ဒါပဲ ယူလိုက်ပါတော့လား..။ ငါ အဲ့ဒီတံဆိပ်ထဲက တခြားပစ္စည်းတွေ သုံးဖူးတယ်..။ ကောင်းပါတယ်ဆိုနေ.."

"နေစမ်းပါဦး..။ ဘယ်လိုဖြစ်နေလဲ...။ ငါ့အသားအရေနဲ့ မတည့်ရင် ပစ်လိုက်ရမှာ နှမြောစရာကြီးကို..။ ပိုက်ဆံက သိပ်ရှိတာမဟုတ်ဘူးဟ.."

"ငါ ဝယ်ပေးပါ့မယ် ဟုတ်ပြီလား..။ ယူလိုက်တော့ အဲ့ဒါပဲ.."

သူ့စကားအား အဖတ်မလုပ်ရေးချ မလုပ်ပါသော နဒီသည် ထိုနေလောင်ခံလိမ်းဆေးဘူးကိုပင် လက်ထဲမှ ပြန်ချလိုက်ပြီး တခြားတံဆိပ်များအား လျှောက်ကြည့်နေခဲ့သည်..။

သူမ၏ ဤအပြုအမူမှာ.. ဆိုင်ထဲတွင် နောက်ထပ် တစ်နာရီနီးပါးမျှကြာမြင့်နိုင်သည်ဟု သိရှိထားပြီးသော ခန့်သည် နောက်တစ်ကြိမ်သာ မျက်လုံးလှန်လိုက်မိတော့၏..။

••••

"နေဦး..။ ငါ ဂျင်းထန်းညှက်တစ်ထုတ်လောက် ယူဦးမယ်.."

ငွေရှင်းကောင်တာရှေ့သို့ပင် ‌ရောက်နေပြီဖြစ်လင့်ကစား ဝယ်ခြမ်း၍မပြီးနိုင်ပါသော နဒီတစ်ယောက်မှာ ခန့်၏ လက်မောင်းမှဆွဲကာ ဆိုင်အတွင်းဘက် ဒုတိယထပ်သို့ ပြန်ရောက်လာလေသည်..။

အဝါရောင်ဒဏ်ရာနှင့် ရာဇဝင်Where stories live. Discover now