အဝါရောင်ဒဏ်ရာ - ၁၃

49 7 7
                                    


ကိစ္စများသည် မည်သို့မည်ပုံဖြစ်သွားသည်မသိပဲ များပြားသောအကြောင်းအရာတို့ဖြင့် ပွေလီရှုပ်ထွေးလာပြီး နှုတ်ဆိတ်နေမိသည့် သူသာလျှင် သူတပါး၏ ချစ်သူရည်းစားနှင့် ဖောက်ပြန်မိသူလို ဖြားယောင်းမိသူလို ဖြစ်လာရသည်..။

ခန့်သည် အရာအားလုံးကို သေချာကောင်းမွန်စွာ နားမလည်နိုင်ခဲ့ပေ..။

အခုက ဘာတွေဖြစ်ကုန်တာလဲ..

ဘာလို့လဲ... သူက သူ့ကို ကူညီခဲ့တာလေ..

မဖြေရှင်းနိုင်သည့်နေ့ရက်များမှာ လူပုံအလယ်တွင် ပို၍သေးနုပ်လာသလိုခံစားရပြီး ရှက်ရွံစိတ်ကြောင့် ခန့်မှာ အငွေ့ပျံပျောက်ကွယ်သွားချင်နေခဲ့လေသည်။

"ကျွန်တော်ကျောင်းကို မသွားတော့ဘူး..။ အားလုံးကို မုန်းတယ်.."

ယခုထိတိုင် ဘာတွေဖြစ်မှန်းမသိသေးသည့် သူ့မေမေအားပြောခဲ့သည့်စကားမှာ ဒီလောက်ပင်ဖြစ်သည်။

ထိုစကားအား အံ့ဩနေသည့်အမူအရာနှင့် တုံ့ပြန်ခဲ့သော သူ၏မေမေသည် သိပ်မကြာခင်ပင် စိတ်ပြောင်းသွားလိမ့်မည်ဟု ရယ်ရယ်မောမောနှင့်ပြောသွားခဲ့သည်။

တကယ်တော့ ထိုကိစ္စမှာ ထင်သလောက်မလွယ်ပေ..။

ထိုတစ်ရက်တွင် ခန့်သည် စာသင်ခန်းတစ်ခု၏အဝတွင် ရှိနေခဲ့ပြီး စော်ကားမှုစကားလုံးတို့ရောင်စုံပါဝင်သည့် အကြည့်များအောက်တွင် တစ်ကိုယ်လုံး အမှုန်အမွှားလိုလွင့်ပြယ်ပျောက်ကွယ်သွားချင်သည့် အရှက်ကွဲမှုအား သိရှိခဲ့ရလေသည်။

"ဒီဒီ..."

စိမ်းသက်နေသည့် သူမရဲ့အကြည့်များမှာ သူ့တစ်ကိုယ်လုံးအား ထုံသွား‌စေခဲ့၏။

သူ တကယ်ပဲ ဘာများ မှားသွားခဲ့တာလဲ.. ပြီးတော့ ဘယ်နေရာမှာ စပြီး မှားနေခဲ့တာလဲ..

"ခဏလောက် စကားပြောချင်လို့...."

နေရာမှ ထလိုက်လာသည့် သူမ၏နောက်တွင် သူတို့နှစ်ဦးသားအားကြည့်နေကြသည့် လူတချို့၏မျက်နှာထက်တွင် ဝေဖန်ချင်သည့်စကားလုံးတို့ ပြည့်နှက်နေခဲ့သည်။

အဝါရောင်ဒဏ်ရာနှင့် ရာဇဝင်Where stories live. Discover now