"ကျွန်တော်..""ထွက်သွား.."
ညှို့သည် သူ၏ ရှက်ရမ်းမှုအခြေအနေကို နားလည်သည်ဆိုသော်ငြားလည်း ဤသည်မှာ သူ့အပြစ်မဟုတ်ပါချေ..။
ထိုအပြင် ဤသစ်ပင်ရှိရာ လင့်စင်ပေါ်သို့ ကျိုးပဲ့နေသည့် လက်ချောင်းတစ်ခုနှင့် ခက်ခက်ခဲခဲ ရောက်လာပြီးကာမှလည်း ဒီလောက်လွယ်လွယ်နှင့် ပြန်ဆင်းသွားမည် မဟုတ်ပေ..။
"ဆင်းလေ..! ဘာထိုင်လုပ်နေတာလဲ..။ ဆက်ပြီးတော့ ကြည့်နေချင်သေးလို့လား.."
ဂျင်းဘောင်းဘီကို ဆတ်ခနဲ ပြန်ဆွဲတင်လိုက်သော သူ၏ ခါးမှာ ငါးမြှီးပါသည့် ဒဏ္ဍာရီလာရေသူများ၏ ခါးလို ပြားကပ်သွယ်လျစွာဖြင့်..။
မျက်ရစ်မပါသည့် ကြောင်သဏ္ဌာန်မျက်ဝန်းလေးများမှာလည်း ဒေါသအရောင်တို့ဖြင့် ပြည့်နှက်နေလျက်ဖြင့်..။
ညှို့သည် အာစေးကပ်သူလို ထုံအကာ တိတ်ဆိတ်နေရာမှ သူ၏ အမှတ်မထင် လှုပ်ရှားမှုတစ်ခုကြောင့် အမှန်တကယ်ကို သစ်ပင်ပေါ်မှ နောက်ပြန်လှန်ကာ လဲကျရတော့လေ၏..။
"..."
ပက်လက်လန်ကာ လဲကျသွားသည့် အရှိန်မှာမြန်လွန်းလှသဖြင့် ဆွဲမိဆွဲရာ သစ်ကိုင်းတစ်ခုကို လှမ်းဆွဲလိုက်ပါသော်လည်း အမြင့်မှကျလာသည့် ကိုယ်အလေးချိန်ဝန်အားကြောင့် ညှို့မှာ ပူထူနေသည့် ပြတ်ရှရာများ ၊ အောင့်မျက်ကာနေသည့် အတွင်းကြေဒဏ်ရာများဖြင့် အောက်သို့ ရောက်လာလေတော့သည်..။
ပုစဉ်းရင်ကွဲအော်သံများသာ ပြည့်နှက်နေသည့် ညနက်ထဲ မြေပြင်တွင် ခွေကာ လဲနေသော ညှို့ပင် ပက်လက်မလှန်ရသေးခင်အချိန်တွင် သစ်ပင်ထက်မှ မီးသီးကိုင်ထားသည့် လက်တစ်ချောင်းနှင့် ခေါင်းတစ်လုံးထွက်လာလျက် ကြုံးအော်လေတော့၏..။
"ဘာလုပ်တာလဲဟ..! သေချင်နေလို့လား..!!"
နောက်ထပ် ထပ်၍ တိုင်းထွာဆဲဆိုကြိမ်းမောင်းသည့် စကားများထွက်လာပါသော်ငြားလည်း ညှို့မှာ မလှုပ်နိုင်ပါပဲ ငှက်သေတစ်ကောင်လို ဆိတ်ဆိတ်ငြိမ်လျက် ရှိလေသည်..။
သူ၏ မျက်လုံးမြင်ကွင်းထဲတွင် ရုပ်သေမျက်နှာပြင်တစ်ခု ရပ်တန့်နေသလို ပိတ်မိနေပါသော အသားတုတ်ချောင်းတစ်ချောင်းမှာ ခပ်ဖျော့ဖျော့ ပန်းသွေးသမ်းလျက် ကျစ်လစ်ရှည်မျောသည့် သဏ္ဌာန်ဖြင့်..။