Part 1

688 58 4
                                    

Hope not

မင်းအတွက်မို့ ငါနာကျင်ရမယ်ဆိုလဲရပါတယ်
အတူရှိနေစဉ်မင်းကို ဒဏ်ရာတွေပဲပေးမိခဲ့တဲ့ငါမလို့

ဒါပေမယ့်မင်းကတော့...
မင်းလိုချင်တဲ့အချစ်
ငါ့ထက်ကောင်းမွန်တဲ့သူနဲ့တွေ့ပြီး
ပျော်ပျော်နေပါ...
ငါ့ကိုမေ့ပစ်လောက်တဲ့ထိတော့ မဟုတ်ဖို့ပါပဲ

                                   🎸📕

ဆိုင်ပေါက်ဝတွင်တပ်ဆင်ထားသော ဘဲလ်လေးကြောင့် စားသုံးသူတစ်ယောက်ယောက်ဝင်လာတိုင်းအလွယ်တကူသိရလေသည်။ ဂျီဆူသည် ဆိုင်ထဲဝင်လာသောချစ်သူနှစ်ဦးဖြစ်ဟန်တူသည့် ကောင်လေးနှင့်ကောင်မလေးကို အချိုသာဆုံးပြုံးပြလိုက်ကာ..

"ကြိုဆိုပါတယ်ရှင့်"

"ဟုတ်ကဲ့ "

ဆိုင်ထဲ၌မနက်ခင်းမို့လူသိပ်မကျသေးချေ။ နွေဦးသို့ရောက်လာပြီဖြစ်ရာ ပေါ့ပေါ့ပါးပါးအဝတ်အစားများဖြင့် လူတိုင်းဟာသစ်လွင်နေလေသည်။ မှာလာသောအမှာစာကို ဆောအာအားလှမ်းပြောရင်း စောနကမှာထားသောဝိုင်းဆီသို့ ကော်ဖီဗန်းကိုယူကာသွားပို့ပေးရသည်။

"မှာထားတာရပါပြီ ကောင်းကောင်းသုံးဆောင်ပါညီမလေးတို့"

"ဟုတ်ကဲ့ ကျေးဇူးပါအမ"

‌ကောင်မလေးနှစ်ယောက်သည် အထက်တန်းကျောင်းသူများဖြစ်ဟန်ရှိသည်။ သူငယ်ချင်းနှစ်ယောက်တွတ်ထိုးနေရာမှ ဂျီဆူ့ကိုအပြုံးချိုချိုလေးတွေဖြင့် နှုတ်ဆက်ကြသည်။ အပြာနဲ့အဖြူစင်းကြား ယူနီဖောင်းတွေနှင့် ကျောပိုးအိတ်လှလှတွေက ကလေးမလေးတွေနှင့် လိုက်ဖက်လွန်းလှသည်။ ဂျီဆူသည် ကျောင်းသူအရွယ်ကလေးများအားတွေ့တိုင်း ကြည်ကြည်နူးနူးပြုံးမိခြင်းကိုထိန်းမရ။ ကျောင်းသားဘဝဆိုတာ ဘယ်ချိန်ပြန်တွေးတွေး လှပလွန်းတဲ့ပန်းချီကားတစ်ချပ်ပင်မဟုတ်လား။

ဂျီဆူပြုံးရင်း စားပွဲခုံများကိုသန့်ရှင်းရေးလုပ်နေမိသည်။

‘ဒီနေ့တော့ LR Radio ရဲ့ထုံးစံအရ သောကြာနေ့တိုင်းအဆွေးသီချင်းလေးတွေကိုနားဆင်ရမှာဖြစ်ပါတယ် ဒီနေ့LR Radioကနေပြီး ပထမဆုံးရွေးချယ်ထားတဲ့သီချင်းလေးကတော့ အခုတလောအရမ်းနာမည်ကြီးနေတဲ့ အဆိုရှင်Roséရဲ့ Goneဆိုတဲ့သီချင်းလေးပဲဖြစ်ပါတယ်ရှင်’

Hope NotWhere stories live. Discover now