Part 6

247 39 1
                                    

Hope not

တံခါးဖွင့်ဖွင့်ချင်းမှာပင် မျှော်လင့်ခြင်းရောင်ခြည်ဟာ အနွေးဓာတ်အပြုံးလေးတစ်ခုနှင့်အတူရိုက်ခတ်လို့ ကြိုဆိုလေသည်။ ထိုရပ်ဝန်းထဲသို့ဂျီဆူအဆင်သင့်ဝင်လာနိုင်ရန် သူကကိုယ်ကိုယို့ကာဖယ်ပေးသည်။

"ကြာလိုက်တာဂျီဆူရယ်..
ငါတို့စောင့်နေတာကိုမြန်မြန်မလာဘူး"

အနောက်ကလိုက်လာသောဂန်ဆိုရာက ငါတို့ဆိုသောစကားကို သူ့ကိုကြည့်ကာပြုံးရင်းပြောသည်။နှစ်‌ ယောက်သားတခနအတွင်းမှာပင် ရင်းနှီးသွားကြပုံရပါသည်။

"ရိုဂျယ်ကလေ ငါ့ကိုသူကိုယ်တိုင်လက်မှတ်ထိုးပြီး Albumလက်ဆောင်ပေးတယ်သိလား ငါပျော်လို့သေတော့မယ်"

ဂျီဆူလက်မောင်းကိုဆွဲရင်း တိုးတိုးကြိတ်ကြိတ်ဆိုနေသောဆိုရာက အမှန်ပင်ပျော်နေပုံရသည်။ သူကတော့ အရှေ့ကနေဝင်သွားနှင့်ကာ ရောင်စုံစက္ကူတွေရှေ့အလုပ်ရှုပ်နေသည်။

"ဘာလုပ်နေကြတာလဲ.."

ဂျီဆူထိုစက္ကူတွေကိုလက်ညိုးထိုးပြရင်းမေး‌လိုက်ခြင်းဖြစ်သည်။

"ငါတို့နင့်ကိုစောင့်ရင်းလုပ်စရာမရှိတာနဲ့Tutorialကြည့်ပြီး မီးပုံးလေးတွေလုပ်ကြည့်နေတာ"

"ဘာလား ကလေးကလားနဲ့"

ဂျီဆူထိုသို့ပြောလိုက်တော့ သူကပါလှည့်ကြည့်လာသည်။ စိတ်ဆိုးဟန်တော့မရှိ။ ခပ်ပြုံးပြုံးနှင့်ပင် လုပ်လက်စပစ္စည်းတွေကိုသိမ်းလိုက်သည်။

"ထိုင်ပါအုံးလား ဂျီဆူ.. မတ်တပ်ရပ်ပြီးအပြစ်တွေပဲလိုက်ပြောနေတော့မှာလား"

"ပြောချင်တာလေးတောင်ပြောလို့မရဘူးလား"

ဂျီဆူသည်သာမန်ယဉ်ကျေးသိမ်‌မွေ့လေ့ရှိရာမှ သူနှင့်ဆုံလျှင်အလိုလို ဂျစ်ကန်ကန်ဖြစ်သွားရသည်။ ဒါတွေသည် ချုပ်ထိန်းမှုကင်းမဲ့စွာဖြင့် ပေါ့ပါးသောစိတ်လိုလက်ရတုံ့ပြန့်မှုများသာဖြစ်သည်။ ရိုဂျယ်က ဂျီဆူစိတ်တိုင်းကျပြောလို့ရပါတယ်ဟုသာရယ်လျက်ပြောပြီး တီဗွီကလာသော ဇာတ်လမ်းတွဲတစ်ခုကိုကြည့်နေသည်။

အနေရခက်ခြင်းက သူစိမ်းတို့ကြားမှာမရှိသင့်သည်ပဲလား။ သူစိမ်းပါဟုသတ်မှတ်မထားမိ၍ပဲလားဂျီဆူမသိပါ။ လျင်မြန်စွာကိုယ့်အိမ်ကိုယ့်ရာတစ်ခုလို အသားကျသွားခြင်းကဖြင့်အံဩဖို့ကောင်းပါ၏။ ဂျီဆူနှင့်ဆိုရာသည် ရိုဂျယ်လုပ်ကျွေးသောမုန့်များကိုစားကာ တီဗွီကြည့်ရင်းတနေ့ခင်းလုံး ပေါ့ပါးစွာနေဖြစ်ကြသည်။ ဆိုရာကတော့ရိုဂျယ်အကြောင်းတွေကိုစပ်စုပါသည်။

Hope NotWhere stories live. Discover now