Part 3

276 43 0
                                    

Hope not 3

အရည်လေးလေးငါးပုလင်းလောက်ဝင်ပြီးသည်နှင့် ဂန်ဆိုရာ၏စကားသံများက အားလေးရှာလေးဖြစ်ကြသည်။ ထိုနည်းတူဂျီဆူသည်လည်း ရှေ့မှကုန်နေသောပုလင်းကိုကိုင်ကာခွက်ထဲထည့်ရင်း ကျမလာသဖြင့် ပုလင်းဖင်ကိုလက်ဖြင့်ပုတ်ချနေသည်။

"ဂျီဆူးရား အဲ့ပုလင်းကိုဘာလို့ရိုက်နေရတာလဲ! အပြစ်လုပ်ထားတာဆိုဂျူပုလင်းမှမဟုတ်တာ ငါ့အမေလေ! အေ့.. ငါ့အမေကမှ အပြစ်လုပ်ထားတာ"

သူ့ရင်ဘတ်သူပုတ်ကာပြောနေသော ဂန်ဆိုရာက ဂျီဆူမြင်ကွင်းထဲတွင်နှစ်‌ယောက်ဖြစ်လာသည်။

"ဟင် ဆိုရာ နင့်မှာအမွှာရှိတာလား"

ဂျီဆူ့စကားကြောင့် ခေါင်းစိုက်နေသောဆိုရာက ရီဝေဝေဖြင့်မော့ကြည့်သည်။

"ဟုတ်လောက်မယ်နော် အေ့ အမေကငါ့အပြင်အမွှာတွေဘာတွေမွေးထားချင် အေ့ မွေးထားမှာ"

"ရားး ငါ့မှာလဲ ဒီနေ့နင့်ကိုရင်ဖွင့်စရာတွေအများကြီးရှိတယ်သိလား ငါ့ရဲ့အနမ်းဦးလေး ငါ့ရဲ့အနမ်းဦးကို သူယူသွားတယ်လို့"

ဂျီဆူကကျမလာသောမျက်ရည်နေရာတွင် ခွက်ထဲမှဆိုဂျူအကပ်သလပ်များကို လက်ဖြင့်တို့ရင်းမျက်ရည်စီးကြောင်းသဖွယ်လုပ်ကာ ငိုပြသည်။ ဂန်ဆိုရာက‘တကယ်’ဟုဆိုကာ မျက်စိပြူးပြပြီး ခုံပေါ်ခေါင်းမှောက်သွားလေသည်။

‘But I need to tell you something
I really really really really really really like   you...
And I want you, Do you want me?
Do you want me too??

ဖုန်းringtoneမှမြည်‌နေသောသီချင်းကို ဆိုဂျူခွက်ကိုကိုင်ကာ ဂျီဆူလိုက်ဆိုနေသည်။ခနကြာသောအခါ သီချင်းသံကတိတ်သွားသည်။ သို့သော်မကြာလိုက်။သီချင်းသံထပ်ထွက်လာသဖြင့် ဂျီဆူဆက်ဆိုမည်အပြုတွင် တစ်စုံတစ်ယောက်ကဖုန်းကိုလာကိုင်သည်။

"ဟယ်လို ဟုတ်ပါတယ်..... နှစ်ယောက်လုံးမူးနေကြတယ်...အသိဆိုရင်လာခေါ်ပေးပါလား... နေရာက.."

ထိုသူဖုန်းကိုချလိုက်သည်နှင့် ဂျီဆူသူမဖုန်းကိုပြန်လုယူလိုက်သည်။

"ဒီမှာ ခနနေကျရင်ခင်များတို့ကို လာခေါ်မယ်တဲ့ ဒီမှာပဲအေးဆေးနေနေနော်"

Hope NotWhere stories live. Discover now