Part 10

706 57 21
                                    

Hope not

ဇနေးနိုးလာချိန်တွင် အနား၌ဂျီဆူရှိ‌မနေ။ စေ့ပိတ်ထားသောတံခါးကိုတွန်းဖွင့်ရင်း အပြင်ထွက်လာလိုက်သည်။

"အော် ဇနေးနိုးပြီလား။ ဒီကိုလာခဲ့လေ ပင်လယ်စာခေါက်ဆွဲနဲ့နံရိုးပေါင်းဝယ်လာတယ်"

"အဖေရော.."

ဂျီဆူချပေးသော ခုံတစ်လုံးတွင်ဝင်ထိုင်ရင်း အဖေ့ကိုမတွေ့သဖြင့်မေးမိသည်။

"အဖေက နေ့တပိုင်းအလုပ်သွားဆင်းတယ်။ သေချာပေါက်စားသွားဖို့လဲမှာသွားသေးတယ်"

"အွန်း ၂နာရီကျရင်Entကို သွားရမယ် "

"‌အချိန်တော့ရပါသေးတယ်။ ဒါတွေအကုန်စားရမယ်ဇနေးရဲ့"

ဂျီဆူကနံရိုး‌ပေါင်းပန်းကန်ကို သူ့ရှေ့ကိုချပေးရင်းရယ်လို့ပြောသည်။ ဂျီဆူ့ရဲ့ရယ်သံတွေက ဒီနေ့ဒီချိန်မှာပိုအသက်ဝင်နေတယ်လို့ထင်မိချင်လောက်ပါပဲ။ ပြန်မဖြေနိုင်လောက်တဲ့ထိ၊ ရှေ့ကစားစာရာတွေကိုမမြင်နိုင်လောက်တဲ့ထိ ရယ်သံတွေမှာပဲနှစ်ဝင်နေချင်မိသည်။ ဇနေးအခုချိန်ထိအိမ်မက်ကမနိုးသေးတာများလား။ မျက်လုံးထဲမှာမြင်ယောင်လာတာ အတိတ်ကနေ့ရက်တွေ။ ဒယ်ဒီ့စားချင်တဲ့ဟင်း‌တွေကို မေမေကအခုလိုရယ်သံတွေနဲ့ချက်ကျွေးခဲ့တဲ့နေ့ရက်တွေ။ မပင်ပန်းဘူးလားမေမေ လို့မေးရင် ချစ်ရတဲ့သူကိုချက်ပြုတ်ကျွေးမွေးရခြင်းက ဘယ်လောက်တောင်ပျော်ရွှင်ဖို့ကောင်းလိုက်သလဲ။ တနေ့ကျရင်ချစ်တဲ့သူကို အခုလိုမျိုးချက်ကျွေးကြည့်ရမယ်နော်ဇနေးတဲ့လေ။ အသက်ဝင်ခဲ့တဲ့ မေမေ့ရဲ့ရယ်သံတွေနေရာမှာ ဂျီဆူ့ရယ်သံတွေကိုအစားထိုးနိုင်တဲ့ထိ ဇနေးကပျော်ဝင်နေပြီများလား။

"ဇနေး.. ဇနေး"

မျက်နှာရှေ့ရောက်လာပြီး ဝေ့ယှမ်းပြနေတဲ့ဂျီဆူ့ရဲ့လက်သွယ်သွယ်တွေ။ လက်ချောင်းကြားထဲက မှည့်နက်လေးကို ဘယ်လောက်တောင်စွဲလမ်းနေပြီလဲဆိုတာ ဇနေးမသိချင်ယောင်ဆောင်၍မရတော့ထိပါပဲ။

"ဟင်.."

"နံရိုးပေါင်းမကြိုက်လို့လား။ တခြားတခုခုသွားဝယ်ပေးမယ်လေ ခနပဲစောင့်"

You've reached the end of published parts.

⏰ Last updated: Mar 27, 2022 ⏰

Add this story to your Library to get notified about new parts!

Hope NotWhere stories live. Discover now