Part 2

326 43 0
                                    

Hope not

"ရား ကင်ဂျီဆူ !! နင်ဒီနေ့ငါ့ကိုလာ‌‌ခေါ်ဖို့မစဉ်းစားနဲ့"

ဂျီဆူစက်ဘီးထားရာနေရာကို ပြေးလိုက်လာကာ ဒေါသတကြီးပြောသည့်စကားက သူ့ကိုမခေါ်ပါနဲ့တဲ့။ ဂျီဆူခေါင်းမော့ကာ ဟက်ဟက်ပက်ပက်ရယ်‌လိုက်တော့ လက်ကိုပိုက်လို့မျက်စောင်းလှမ်းထိုးသည်။ ဂန်ဆိုရာက ဂျီဆူနဲ့အထက်တန်းထဲကသူငယ်ချင်းမဟုတ်။ တက္ကသိုလ်ရောက်မှစခင်ခဲ့ခြင်းဖြစ်သည်။ဒါတောင် ဂန်ဆိုရာရဲ့အချစ်ဆုံးသူငယ်ချင်းက ကင်ဂျီဆူပါတဲ့လေ။ ဂျီဆူ့အပေါ်ကောင်းလဲကောင်းသလို စိတ်လဲခနခနကောက်တတ်သောသူငယ်ချင်းမလေးဖြစ်သည်။

"ဟုတ်ပြီ ဟုတ်ပြီမခေါ်ဘူးနော်။ ငါအနုပညာခန်းမဘက်သွားမလို့ တကယ်မခေါ်ရဘူးလား"

ဂျီဆူပုခုံးချင်းတိုက်ကာ ပြောလိုက်သောအခါ အနုပညာခန်းမလဲဆိုရော ဆိုရာ့မျက်လုံးများကလက်ခနဲဖြစ်သွားလေသည်။ပြီးမှ ဂျီဆူ့အပြောကိုစိတ်မဝင်စားသလိုလက်သည်းကို ကုတ်ခြစ်နေသည်။ ဂန်ဆိုရာသရုပ်ဆောင်မကောင်းလိုက်ပုံများ။ အင်းလေပန်းချီကိုစိတ်ဝင်စားတဲ့သူတို့က ဘယ်လိုလုပ်သရုပ်ဆောင်ပိုင်ပါ့မလဲ။

"ရပါတယ်နင်မလိုက်ရင်လဲ ငါ့ဘာသာပဲသွား..."

"ရတယ်ငါလိုက်ပေးလိုက်ပါ့မယ် နင်နဲ့ပြန်ခေါ်ချင်လို့မဟုတ်ဘူးနော်။ ငါကစိတ်ထားကောင်းလို့ နင်အဖော်မရှိမှာစိုးလို့လိုက်ပေးတာသိတယ်မလား။ ငါ့နောက်လိုက်ခဲ့"

မလုံမလဲပြောရင်း ရှေ့ကနေကော့ကော့ကော့ကော့ ထွက်သွားသူနောက် ဂျီဆူပြေးလိုက်ကာ လက်ကိုတွဲချိတ်လိုက်သည်။ ဂန်ဆိုရာကဂျီဆူထက်မသိမသာလေးပိုအရပ်မြင့်သည်။ သို့သော် နှစ်ယောက်အတူတွဲသွားလျှင်သိပ်မသိသာချေ။

"နင်ကအနုပညာခန်းမကိုဘာသွားလုပ်မှာလဲ အဲ့မှာလူရွေးပွဲအတွက် သရုပ်ဆောင်လေ့ကျင့်နေကြတဲ့သူတွေပဲရှိတာမဟုတ်လား"

"အင်း ဟေးရီကိုသွားရှာမလို့"

"ဟေး.. ရီ.. အော်ဟိုနာမည်ကြီးနေတဲ့တစ်ယောက်မလား သူ့ကိုဘာလုပ်ဖို့"

ဂျီဆူလမ်းမှာတိုက်မိတဲ့မိန်းကလေးအကြောင်း ဂန်ဆိုရာကိုရှင်းပြရင်းဖြင့် အနုပညာခန်းမသို့ရောက်လာကြသည်။ အားကြိုးမာန်တက်ဖြင့် ဟိုတစ်စုဒီတစ်စုလေ့ကျင့်နေကြသူများကိုတွေ့ရသည်။ထိုထဲကမှ ဂျီဆူဟေးရီကိုရှာမိသည်။ လူရွေးပွဲရှိတာကြောင့် စောရောက်နေမှာအသေချာပင်။

Hope NotDove le storie prendono vita. Scoprilo ora