Part 5

246 35 0
                                    

Hope not

လေစိမ်းတွေတိုက်နေတဲ့
ပြတင်းပေါက်မှာထိုင်ပြီး
အဝေးကကောင်းကင်ကိုငေးကြည့်ရင်း
မင်းကိုပုံဖော်နေမိပြီ....

                             🎸📕

မေးစရာစကားများရှိနေသော ဆောအာရဲ့မျက်လုံးများကိုဂျီဆူတမင်ရှောင်နေလိုက်သည်။ ဂျီဆူဘဝမှာ မဝံ့မရဲဖြစ်ခြင်းဟာ ပထမဆုံးအကြိမ်ပါပဲ။ ဂျီဆူပတ်သက်နေမိသည့်သူက ထုတ်ဖော်ပြောပြလို့မရပဲ ကွယ်ဝှက်ထားပေးရမည့် နာမည်ကြီးတစ်ယောက်ဖြစ်နေသည်လေ။ ဂျီဆူကြောင့်မဟုတ်မမှန်သတင်းမျိုးထွက်မလာဖို့ရန် အထူးဆင်ခြင်ရမည်ပင်။

အလုပ်ချိန်ပြီးတာနှင့် ဂျီဆူမြန်မြန်သွက်သွက်ဆိုင်ယူနီဖောင်းအင်္ကျီလေးကိုချွတ်လိုက်သည်။ မဟုတ်လျှင်ဆောအာရဲ့အမေးစကားကို ဘယ်လိုဖြေရမှန်းမသိသေးပေ။

"ကင်ဂျီဆူ..."

ကင်ဂျီဆူရဲ့အကြံမအောင်မြင်ချေ။ နောက်ကျောဘက်ဆီမှခေါ်သံကြောင့် မျက်နှာကိုမချိုမချဉ်ပြင်ကာ ထူးလိုက်ရသည်။

"ဟမ် အင်းအင်း ဆောအာပြောလေ"

"ပြောပါအုံး စောနကဘယ်သူလိုက်ပို့တာလဲ စက်ဘီးလဲပါမလာဘူး ကျောင်းကိုဘယ်လိုသွားမလဲ"

မင်ဆောအာနှင့်ဂန်ဆိုရာဆိုသည်မှာ ကင်ဂျီဆူလုံးဝလိမ်ညာလို့မရသောနှစ်ယောက်ဖြစ်ကာ ကိစ္စအဝဝကိုသတော်ဦးတင်ရသော သူငယ်ချင်းများဖြစ်ကြသည်။

"ဟိုဟိုလေ..."

"ရှင်လေးရဲ့အဖေက ဖုန်းဆက်လာတယ် မနေ့ညကအိမ်ပြန်မအိပ်ဘူးဆို ဦးလေးကနင့်ကိုဖုန်းဆက်မရလို့စိတ်ပူနေတာ ငါလဲဆက်တယ်ဖုန်းကလုံးဝမကိုင်တော့ဘာတွေများဖြစ်နေသလဲလို့။ နောက်မှဦးလေးကဖုန်းပြန်ဆက်တာ နင့်သူငယ်ချင်းအိမ်မှာအိပ်တယ်ဆိုတာကို ငါဘယ်လောက်စိတ်ပူနေခဲ့လဲ"

ဂျီဆူအဖေ့ကို‌ရော ဆောအာကိုပါအားနာသွားရသည်။ အပြန်ကိုတော့ပူကီဝယ်ခဲ့လို့ပြောခဲ့သောအဖေ။ ဘယ်တုန်းကမှအပြင်မှာမအိပ်ဖူးသူမို့ စိတ်ပူနေမှာအသေချာပင်။ မနေ့ညကမှ ဂျီဆူအသိစိတ်ပျောက်အောင်ထိသောက်မိခြင်းဖြစ်သည်။ ဆိုရာနှင့်အတူသောက်ဖြစ်တိုင်း ဂျီဆူကနည်းနည်းပဲသောက်ကာ ဆိုရာ့ကိုအိမ်ပြန်ရောက်အောင်ပို့ပေးတတ်သည့် ဂျီဆူကမနေ့ညကလူမသိသူမသိအောင်မူးသွားခဲ့တာ။ပြန်တွေးမိတော့ ဂျီဆူကိုယ့်ကိုယ်ကိုသာ နာနာလေးထုချင်မိသည်။ သူမကြောင့် တစ်ပါးသူတွေကိုစိတ်ပူစေမိပြီ။

Hope NotWhere stories live. Discover now