Part 7

230 33 0
                                    

Hope not

နောင်တရတာတွေက
အသုံးမဝင်ဘူးဆိုလည်းပဲ
ငါကတော့မင်းကို
ပြင်းပြင်းပြ‌ပြတွေးမိနေပြီ..

                                 🎸📕

"တကယ်.."

"တကယ်ကြီး...."

ဆိုရာ၏မျက်လုံးများက ပြူး‌နေကာအပြင်သို့ခုန်ထွက်လာသလားမှတ်ရပေသည်။ အသံမှာလည်း နဂိုအောင်သူပီပီအတော်ကျယ်ပေ၏။ ထိုအကြောင်းတွေကိုကြိုသိ၍ပင် ဆိုရာကိုလူရှင်းရာကျောင်းဆောင်နောက်တစ်နေရာသို့ ခေါ်ထားခြင်းဖြစ်သည်။

ဂျီဆူစိတ်လှုပ်ရှားစွာနှင့်ပင် နံဘေးရှိကျောင်းဆောင်ပေါ်တွယ်တက်နေသော အရွက်စိမ်းစိမ်းများကို လက်ဖြင့်အသာဆွဲဆိတ်နေမိသည်။ ဆိုရာသည်အံဩကြီးစွာနှင့် ဂျီဆူ့ကိုကြည့်နေလိမ့်မည်။ ရှက်ရွံ့တာရော မနေတတ်တာရောပေါင်းကာ ဂျီဆူကခေါင်းကိုငုံ့ချထားသည်။ ဒီလိုအနေအထားမျိုးတစ်ခါမှရင်မဆိုင်ဖူးသေးတာမို့ ဂျီဆူ့အတွက်ဆန်းသစ်နေသလို ရင်ခုန်သံတွေကလည်းလတ်ဆတ်နေသည်။

"တကယ်ကြီးပဲ ငါအဲ့နေ့ထဲက သူနင့်ကိုကြည့်တဲ့အကြည့်တွေက ထူးခြားပြီးအသက်ဝင်ပါတယ်လို့။ ရားး...တကယ်မထင်မှတ်ထားတွေပဲ"

ဆိုရာကခုချိန်ထိ လက်ခံနိုင်သေးပုံမပေါ်ချေ။ရုတ်တရက်ကြီးမို့လက်မခံနိုင်တာ မှန်တော့မှန်သည်ပဲ။ သူကိုယ်တိုင်ပင်လျှင် အိမ်မက်ရှည်ကြီးတစ်ခုမက်နေသလားဟု ခနတိုင်းအထင်မှားကာ လက်ဖျံကိုဆွဲဆိတ်ကြည့်ရလွန်း၍ အရာထင်နေ၏။

ထို့အပြင် အတွေးတစ်ခုကလည်းထပ်ခါတလဲလဲဝင်လာတတ်သေး၏။ သူ့လိုနာမည်ကြီးအနုပညာရှင်တစ်ယောက်နှင့် သာမန်ထက်ပို၍ရိုးရှင်းသော၊ ကိုယ်ပိုင်အလုပ်မယ်မယ်ရရတစ်ခုပင်မရှိသေးသော ဂျီဆူကဘယ်လိုမှမလိုက်ဖက်ဆိုသောအသိ။ ကိုယ့်ဘဝလေးနှင့်ကိုယ် အမြဲတစေကျေနပ်ရောင့်ရဲနေခဲ့သော ဂျီဆူက အရှိန်အဝါကြီးလှ‌သောသူကို့ချစ်မိချိန် သိမ်ငယ်တတ်လာသည်။

"ဂျီဆူ.. နင်သူ့ကိုတကယ်ချစ်မိနေတာပဲ။"

"ဟင်..နင်ကဘာကိုကြည့်ပြီးအတပ်ပြောနိုင်ရတာလဲ ဆိုရာရဲ့"

Hope NotWhere stories live. Discover now