Part 4

277 41 2
                                    

Hope Not

ဂီတာသံသဲ့သဲ့နှင့်အတူ အသံ‌ညိမ့်ညိမ့်က ဂျီဆူ့နားထဲတိုးဝင်လာသည်။ သာယာသောဂီတသံကအိမ်မက်ထဲမှာလိုလို အပြင်မှာလိုလို။ ကိုက်နေသောနားထင်ကို တစ်ချက်ဖိကိုင်ရင်း အလင်းရောင်ကင်းမဲ့နေသောအခန်းကြောင့် ဘေးမှမီးအိမ်ကိုလက်လှမ်းမိသည်။ထားနေကျနေရာတွင်မရှိသောမီးအိမ်ကြောင့် မှောင်ပြပြအခန်းကိုသေချာကြည့်မိသည်။မနေ့ညကဆိုရာနဲ့သောက်ပြီးမှောက်သွားသည်ကိုအမှတ်ရသည်။ဒါဆိုအခု ဂျီဆူဘယ်သူ့အခန်းထဲမှာရောက်နေတာလဲ။ တခါတရံရောက်ဖူး‌သော ဆိုရာ၏အခန်းနှင့်လည်းမတူ။ ဂျီဆူထထိုင်လိုက်ချိန်ထိ  ဂီတာနှင့်သီချင်းသံ‌အေးအေးက အခန်းတွင်းညင်သာစွာပျံ့လွင့်နေဆဲ။

But now the day bleeds into nightfall
And you're not here
You get me through it all I let my guard down
And then you pulled the rug
I was getting kinda used to being someone you loved...

ဂျီဆူကုတင်တွင်ခြေထောက်ချကာ သီချင်းသံလာရာကိုအာရုံပြုလိုက်သည်။ အဝေးကြီးကမှမဟုတ်ပဲ။ ဒါကြောင့်ဂျီဆူနိုးလာရတာပေါ့။ မှောင်ကျနေတဲ့အခန်းငယ်ထဲ အိပ်ရာနှင့်မနီးမဝေးရှိနံရံတစ်ခုကိုမှီကာ ဂီတာကိုရင်ခွင်ထဲပိုက်လျက် သီချင်းဆိုနေသူက ရိုဂျယ်ကလွဲ၍ဘယ်သူရှိနိုင်အုံးမလဲ။

I let my guard down and then you pulled the rug
I was getting kinda used to being someone you loved....

မာနတွေချပြီးကာမှ
ရုတ်တရက်ငါ့ဆီကနေထွက်သွားခဲ့တယ်။
ငါကမင်းချစ်ခဲ့ဖူးတဲ့လူတစ်ယောက်အဖြစ် အသားကျနေတုန်းပဲတဲ့။

ဂီတာကိုဘေးမှာအသာချကာ မျက်နှာကျက်ကိုမော့ကြည့်ပြီးနောက် မျက်ဝန်းတို့ကိုမှိတ်ချလျက်ငြိမ်သက်သွားသည်။

ရိုဂျယ့်စိတ်ထဲမှာ ဟေးရီကရှင်သန်နေဆဲဖြစ်လိမ့်မည်။ ရိုဂျယ်ကဒီလိုပဲ သီချင်းတွေနဲ့ဟေးရီကိုလွမ်းဆွတ်နေခဲ့တာလား။ရုတ်တရက်ကြီးပါပဲ ဂျီဆူစိတ်ထဲဝမ်းနည်းလာသလိုခံစားရသည်။ တကယ်ဆိုဝမ်းနည်းစရာအကြောင်းမှမရှိပါပဲလေ။ ရိုဂျယ်နဲ့ဂျီဆူဆိုတာ ဘာဆက်နွယ်မှု၊ပတ်သက်မှုမှမရှိ။ မတော်တဆနမ်းမိခဲ့ရုံပဲ။ မဟုတ်သေးဘူး။ ဂျီဆူဆိုတာ ရိုဂျယ့်အတွက် အညတရတွေ့ဆုံမှုလေးပဲ။ လေထဲလွင့်ပါလာတဲ့အမှုန်လေးတစ်ခုလို ခနတာတွေ့ဆုံပြီး လေအဝှေ့မှာတခြားအရပ်ကိုပြန်လွင့်သွားမှာပါပဲ။

Hope NotWhere stories live. Discover now