Part (2) ⛔️🚨

64.9K 728 13
                                    

Unicode

သွေးခြယ် မင်းညိုဒီပါစံအိမ်တော်ကိုစရောက်တဲ့နေ့က ဘယ်သူကမှ နှစ်နှစ်ခြိုက်ခြိုက်နှင့်မကြိုဆိုကြပါ။ အန်တီဖြူ ယောက်ျား ဦးမောင်နှင့် ဘိုးဘိုးကြီး ဦးမင်းညိုလွင် မှလွဲ၍ ဖက်လှဲတကင်းမကြိုဆိုကြပါ။
ဘွားဘွားကြီးဒေါ်သဇင်မြင့်မြတ်မှာမူ သူ့မြေး မြတ်ဦးမှလွဲ၍ တခြားကလေးကို ဦးစားပေးမှာကိုမလိုလားပေ။ သို့သော် ဘွားဘွားကြီးသည် သူမအပေါ်ကြည်သလိုလည်းမဟုတ်သလို မကြည်သလိုလည်းမဟုတ်ပါ။ သူ့ မြေးအလိုကျနေပေးရင်ပဲနေလို့ရသည့်သဘောဖြင့်သာ အန်တီဖြူနှင့်အပေးအယူလုပ်ထားသည်ဟု စံအိမ်တော်ကြီးသို့မလာခင် အန်တီဖြူကပြောပြထားသည်။အန်တီဖြူသည် စံအိမ်မရောက်ခင်ကားပေါ်မှာတည်းကမြတ်ဦးအပေါ် သည်းညဉ်းခံဖို့ အထပ်ထပ်မှာထားသည်။ သူမ မိဘချန်ထားသောအမွေသည်မှာလည်းသူမ ၁၈နှစ်ပြည့်မှ တရားဝင်ဆက်ခံခွင့်ရရှိမှာဖြစ်သည်။၁၈နှစ်မပြည့်ခင်အထိ သူမ အဒေါ်အန်တီဖြူမှ ရှေ့နေအားထိန်းသိမ်းထားခိုင်းသည်။
မြတ်ဦးဖေဖေ နှင့်မေမေကတော့ စီးပွါးရေးဖက်အာရုံစိုက်နေ၍ သွေးခြယ်မှာသူတို့အတွက် သာမန်ကာလျှံကာလိုဖြစ်နေ၍ ဂရုမစိုက်နိုင်ပေ။ သွေးခြယ်တင်မက သူတို့သားဖြစ်သူ မြတ်ဦးကိုပင် ထိုနည်းလည်းကောင်းဖြစ်သည်။ ငွေရှိတဲ့သူများသည်ပိုရှိသတတ်ရှိချင်တဲ့ စိတ်ရှိကြသည်ကိုအဲ့ထဲကသွေးခြယ်သိလိုက်သည်။

flash back to past
အတိတ်ကိုပြန်လည်တွေးတောမိခြင်း

သွေးခြယ် မင်းညိုဒီပါစံအိမ်ကိုစရောက်တဲ့နေ့က ဝတ်ထားတဲ့ အင်္ကျီအရောင်ကို မှတ်မိသေးသည်။
သူမဝတ်ထားသည်မှာ မိုးပြာရောင် ဂါဝန်လေးမှာ ပွင့်ဖတ်လေးတွေပါသော ဂါဝန်လေးနဲ့ဖြစ်သည်။ ပါးဖောင်းဖောင်း ၊ မျက်လုံး ဝိုင်းဝိုင်း ၊ နှုတ်ခမ်းထူထူလေးနှင့် မျက်ခုံးမွှေးလေးက ဇင်ယော်တောင်ပံလိုမျိုး နှင့် တကယ့် ချစ်စဖွယ် လေးဖြစ်နေသည်။
သွေးခြယ်သည် အန်တီဖြူ စခေါ်လာတည်းက ကားပေါ်ကဆင်းသည်နှင့်မြေကြီးကို ခေါင်းငိုက်စိုက်ချကာကြည့်နေသည်။ ကြီးကျယ်ခမ်းနား မြင့်မြတ်လှပါသော ၅ထပ်တိုက်ကြီးကိုလည်းမော့မကြည့်အားပါ။

အချစ်ဝင်္ကပါထဲလမ်းပျောက်ခြင်း ( lost in love maze)Where stories live. Discover now