Part (11)

25.2K 580 25
                                    

Unicode

ဒီမြေ ဒီရေကို ခြေချလိုက်ရသည်နှင့် သူ့စိတ်တွေပေါ့ပါးလာသည်။ ခြေလှမ်းတို့ကလည်းတက်ကြွလျက် ချစ်သူရှိတဲ့မြေကို အရောက်လှမ်းလာခဲ့လေပြီ။ Schedule အပြည့်နှင့်မို့ ပြန်လာချင်တိုင်းပြန်လာလို့မရ မပြီးပြတ်သေးတဲ့ကိစ္စတွေ ကို အပြတ်ရှင်းရသေးသည်။ ဒီကြားထဲ ဟိုမှာကျောင်းတက်နေတုံး အတူတက်သော လူမျိုးတူ မိန်းမ တစ်ယောက်၏ နှောင့်ယှက်ခြင်းကို ခံရသေးသည်။

ငွေသန္တာခင်ဆိုတဲ့ မိန်းမသည်ရဲတင်းလွန်းသည်။ ယောက်ျားတန်မဲ့ မိန်းကလေးတယောက်လို အနှောင့်အယှက်ခံရတာ တစက်လေးမှမကြိုက်။ မိန်းကလေးဖြစ်နေလို့သာ မဟုတ်ရင် ဆွဲထိုးမိမှာအမှန်။
သွေးခြယ် အတွက် စိတ်အနှောင့်အယှက်ဖြစ်မည့် သူများကို အမှိုက်သေးသေးကအစ သူမမြင်ချင်။ ရှင်းသင့်တာကို အရင်ရှင်းထားသင့်သည်ထင်၍ အပြတ်ရှင်းထားခဲ့သည်။

စံအိမ်တော်ပြန်ရောက်သည်နှင့်ဘိုးဘိုးကြီးနှင့်ဘွားဘွားကြီးက ပြန်လာသည်ကိုသိနှင့်၍ ထွက်ကြိုနှင့်သည်။

" မြေးလေး မြတ်ဦး... ကျန်းကျန်းမာမာ ပြန်ရောက်လာတာ ဘိုးဝမ်းသာတယ်"

"ဘွားလည်း မြေးကို မျှော်နေရတာ မောလှပြီ... ငါ့မြေးလေး အရပ်ကြီးရှည်ပြီး အသားတွေဖြူလာလိုက်တာကွယ်... လာ အထဲမှာပြောရအောင် အိမ်ရှေ့မှာ မိုးတိုးမတ်တပ်နဲ့ လာသွားရအောင် ဧည့်ခန်းထဲကို .."

"ဘိုးတို့ဘွားတို့ တအိမ်သားလုံးကိုလည်း
သားက သတိရနေတာ ဒါနဲ့ သွေးခြယ်ရော"

မြတ်ဦးသည် သူသိထားသောကိစ္စများကို အိမ်သားများကိုမသိချင်ယောင်ဆောင်ပြီး မေးလေသည်။
အိမ်သားအားလုံး မျက်နှာကွက်ခနဲပျက်သွားကြသည်။
သူ့ကို နလပိန်းတုံးဟု အိမ်ကလူတွေကသတ်မှတ်ထားကြသလား မသိ။ အကုန်သိသည် စံအိမ်တော်မှာဖြစ်သမျှ အားလုံးကိစ္စ အဝဝကို။ သွေးခြယ်ကို လွှတ်ပေးထားသည်မှာလည်း သူချုပ်ကိုင်သမျှ စိတ်ကျဉ်းကြပ်မှာ စိုး၍..။

ပြီးတော့ သူ့ချစ်သူလေးနှင့်ရှင်းစရာရှိသေးသည်။

အချစ်ဝင်္ကပါထဲလမ်းပျောက်ခြင်း ( lost in love maze)Where stories live. Discover now