Part(15)

24.4K 455 15
                                    

Unicode

သူမတို့သူငယ်ချင်းလေးယောက်တိုင်ပင်ပြီး
စီနီယာရန်ပြေမင်းညီပြောထားသောကိစ္စကို
နောက်ဆုံးတွင်လက်ခံဖို့ဆုံးဖြတ်လိုက်သည်။

ထို့အတွက် ကော်ဖီဆိုင်တွင်မချိန်းတော့ပဲပြခန်း၌တွေ့ဖို့ပဲချိန်းထားလိုက်တော့သည်။မလိုအပ်ပဲ မြတ်ဦးမင်းညို၏ သံသယမျက်လုံး
တွေနှင့်အကြည့်ကိုမခံချင်တော့။ ပြဿနာမီးခွက်ထွန်းရှာတတ်သော သူ့ကိုကြောက်ရသည်လေ။

စီနီယာရန်ပြေမင်းညီသည် သူနှင့်အတူ အမျိုးသားတစ်ယောက်ပါ ပါလာတော့သည်။ ထင်သလောက်အသက်မကြီး သူမတို့ထက် ၂နှစ်၃နှစ်ကြီးမည်ထင်ရသော အမျိုးသားတဦးပင်။ စီနီယာပြောထားသော ဂျပန်စာရေးဆရာဖြစ်ရမည်ဟု သူမခန့်မှန်းလိုက်သည်။

"သွေးခြယ်... ညီမတို့ဒါကအကိုပြောထားတဲ့
စာရေးဆရာ
Kento Samuraki ပါ"

"တွေ့ရတာဝမ်းသာပါတယ်"
ဟု သံပြိုင်သူမတို့လေးယောက်ပြောမိတော့သည်။

"ဟုတ်ကဲ့ ကျွန်တော်ရောပဲ"

"ဟင် မြန်မာစကားပြောတတ်တာလား"

ဟု နှင်းမှုံမှ အံ့ဩတကြီး နှုတ်မှထွက်သွားလေ
သည်။

"ကျွန်တော်က half Japanese half burmeseပါ
မြန်မာပြည်မှာ ငယ်ငယ်တုံးက ၃နှစ်လာနေဖူးပါတယ်"

"ဪ အဲ့တာကြောင့်ကိုး...."

"ကဲ အကုန်လုံးကို ကျွန်တော်မိတ်ဆက်ပေးမယ်နော်
ဒီဖက်က ပတ္တမြားကြွယ်နဲ့လဝန်းငယ်တဲ့
ပန်းချီပညာရှင်တွေပါ
ဒါကတော့ ချိုစင်သွေးခြယ်နဲ့နှင်းမှုံခြယ်ပါ
Sculpture ပညာရှင်တွေ.."

ထိုစဉ် Kentoနှုတ်မှ ချိုစင်သွေးခြယ်ဟုသောနာမည်ကို တီးတိုးရေရွတ်နေမိတော့သည်..

"မချိုစင်သွေးခြယ်ငယ်ငယ်တုံးက Paradise ကွန်ဒိုမှာ
နေခဲ့လား"

"ဟုတ်နေခဲ့ဖူးတယ်"

သွေးခြယ် kentoရုပ်လေးကိုကြည့်ရင်းကြည့်ရင်း
အရင်ကသိခဲ့သော ကောင်လေးတစ်ယောက်
မျက်နှာ တရေးရေးပြန်မြင်လာမိသည်။

အချစ်ဝင်္ကပါထဲလမ်းပျောက်ခြင်း ( lost in love maze)Where stories live. Discover now