Part(9)

25.4K 548 41
                                    

Unicode

"ပျော်လား... ကလေး"

"အွန်းပျော်တယ် ရိုလာကိုစတာကြီးစီးချင်တယ်"

"အာ.... မကောင်းပါဖူး အမြင့်ကြီးပဲ"

"ဘာလဲ ကြောက်လို့လား .."

"အံမယ် ကြောက်စရာလား ၊ လာသွားစီးကျမယ်"

"စိန်မခေါ်နဲ့နော် လာ.."

"အားးးး..... ဝေါ့.....ဝေါ့"

"ဟာာ မြတ်ဦး .. နင်အန်ပြီ ငါပြောပါတယ် ဇမရှိပဲတက်မစီးပါနဲ့လို့"

"ကိုယ်လေယာဉ်တွေ စီးနိုင်တယ် တကမ္ဘာလုံး ကြိုက်တာနဲ့ပတ်နိုင်တယ် ဒီ ရိုလာကိုစတာတော့သေတောင်မစီးတော့ဖူး ဝေါ့"

"ခ်ခ်ခ်ခ် မြတ်ဦးနင်ဟာလေ"

"မရယ်နဲ့လို့"

"ရယ်မှာပဲ... ဟီးဟီး"

"ကလေးမင်းဆက်ရယ်ရင် ကိုယ်နမ်းမိတော့မယ်"

"မရယ်တော့ဖူး"

"ဟီးဟီး"

သွားလေး ဖြူဖြူလေးတွေစေ့ကာရယ်နေသော သူမလေးကိုကြည့်ပြီး ချစ်စိတ်တွေတဖွားဖွားသာ ဖြစ်လို့နေတော့သည်။

သူမတို့နှစ်ယောက် Glory Kingdomပိုင်Amusement Park ထဲရောက်နေတာဖြစ်သည်။လူအများလည်း မရှိရှင်းလို့နေသည်။ ရှင်းမှာပေါ့ ဒင်းက ဒီနေ့ ကစားကွင်းကို ပိတ်ခိုင်းထားသည်ကိုး။ နောက်ရက်ဆို ကျောင်းပြန်တက်ရမှာမို့ သူမ သူနဲ့ ရန်မများချင်။ ရှိတုံးလေးတည့်
အောင်နေချင်မိသည်။ သူလုပ်ထားသော ဂယက်များကြောင့် ကျောင်းကို တပတ်ခွင့်ယူထားသည်။ အတန်းချိန်တွေမလွတ်ချင်သော်လည်း တပတ်လောက်နေရင် လူတွေအပြော ရပ်သွားမည်ဟုတွေးကာ မတက်တာဖြစ်သည်။

သူမထက်အရပ်ရှည်ကာ ဖြူဖွေးထောင်းမောင်းကာချောမောသောမြတ်ဦးကိုကြည့်ကာ သူမမှာ ရုတ်တရက်ရင်တွေခုန်လာမိသည်။ မဖြစ်သင့်ဖူး သွေးခြယ် ရင်မခုန်နဲ့ အဲ့ကောင် တဇွတ်ထိုးကောင်ဟွန့် .....

အချစ်ဝင်္ကပါထဲလမ်းပျောက်ခြင်း ( lost in love maze)Where stories live. Discover now