Part-(6)

27.8K 576 30
                                    

Unicode

"အဟင့် ခဏလေး ရပ်..ပါအုံး မောလို့
...အသက်ရှူပါရစေဦး"

" ခဏပေးနားမယ်"

"....."

"အမောပြေပြီလား"

"မပြေ.. ဟင့်... အွန့် ပြွတ်စ်...."

ရုန်းနေရင်းကအနမ်းတွေကရှည်ကြာကာ တကမ္ဘာ လောက်ဖြစ်လို့နေသည်။

•••••••••••••••

မနက်ဖြန်ဆို သူနဲ့သူမရဲ့စေ့စပ်ပွဲဖြစ်သည်။ အားလုံးက သွေးခြယ် ဆန္ဒအတိုင်း မိသားစုဝင်တွေနှင့်စံအိမ်တော်သာ သိတဲ့ စေ့စပ်ပွဲလေးကျင်းပမည်ဖြစ်သည်။ ဘိုးဘိုးကြီးနှင့် သူ့မိဘတွေကတော့ အရမ်းရင်းနှီးသော အသိမိတ်ဆွေတချို့တော့ဖိတ်ကြားထားသည်။ အိမ်တော်ကြီးထဲတွင် အလုပ်သမားတွေမှာ ပျားပန်းခတ်မတတ် စေ့စပ်ပွဲအတွက် အလုပ်ရှုပ်နေကြသည်။ သူတို့၏ သခင်လေးက လူကြီးပုံစံဖမ်းကာ ဟို မကြိုက်လိုက် ပြန်လဲခိုင်းလိုက် ဒီဟာသူမကြိုက်လိုက်ပြန်လဲခိုင်းလိုက်နှင့်ဖြစ်သည်။ သူမမှာတော့ စိတ်မဝင်စားသလိုအခန်းထဲသာအောင်းလို့နေသည်။

သူမဝတ်မည့်ဝတ်စုံတောင်မှ သူမကိုယ်တိုင်ရွေးချယ်ခွင့်မရှိ သူ့စိတ်ကြိုက် ဒီဇိုင်းနာ ထံတွင်ချုပ်ခိုင်းထားတာပဲဖြစ်သည်။

ခဲရောင် မြန်မာဝတ်စုံလေးကို အင်္ကျီတွင်စိန်ပွင့်ငယ်လေးတွေ စီခြယ်ထားကာ ချိတ်ထဘီတွင်လည်း စိန်ပွင့်နှင့်ပတ္တမြားရောယှက်ကာ အလှဆင်ထားသည်မှာ တဖျက်ဖျက်တောက်ပလှလျက် ဆံထိုးဘီး၊ ဘယက် ၊ လက်ကောက် ၊ ခြေကျင်း ၊ လက်စွပ်မှာလည်း  black jade အမျိုးအစားကို သုံးထားသည်မှာ မင်္ဂလာဆောင်မဟုတ်သော်လည်း အပြင်အဆင်အရှိန်အဝါမှာ တောက်ပလျက်ရှိနေသည်။ ဖိနပ်တွင်လည်း ကတ္တီပါဖိနပ်ကို စိန်တွေခြယ်မှုန်းထားလေသည်။ စေ့စပ်ပွဲလေးကိုပင်အဖြစ်သည်းပြီး မင်္ဂလာပွဲလောက်အကျယ်ချဲ့နေသော မြတ်ဦးကို သူမတော်တော် အမြင်ကတ်မိသည်။ အမြင်ကတ်သော်လည်း မတတ်နိုင် နှုတ်ကျွံမိပြီးပြီ​လေ ကိုယ်က။ ထွက်ပြေးရအောင်လည်း သူမအကြံသိ၍ bodyguard တွေ အခုရက်ပိုင်းထပ်တိုးချထားသည်။ ၁၆နှစ်သားဖြစ်သောသူက လူကြီးတွေထက်ပင် ဩဇာညောင်းပြီး အကွက်ကျော်မြင်တတ်လေသည်။

အချစ်ဝင်္ကပါထဲလမ်းပျောက်ခြင်း ( lost in love maze)Where stories live. Discover now