Part (3)

35.5K 616 12
                                    

Unicode

သွေးခြယ် သတိရလာတော့ သူမအခန်းထဲသို့ပြန်ရောက်နေသည်ကိုသတိပြုလိုက်မိသည်။ နာရီကိုကြည့်လိုက်တော့ သန်းခေါင်ယံ၂နာရီတိတိထိုးနေလေပြီ။ နာရီပိုင်းအတွင်းက ဖြစ်ပျက်ခဲ့သောဖြစ်ရပ်တချို့က သူမခေါင်းထဲသို့ တသီတသန်းကြီးပြန်ပေါ်လာပါတော့သည်။
"တောက် ... ရွံ့ဖို့ကောင်းတာ .. ရွံ့လိုက်တာ အား"
"အဲ့ နှုတ်ခမ်းကိုရေနဲ့ဆေးပစ်မယ်၊ အောက်တန်းစားကောင်"

သူမအပေါ် မြတ်ဦးရဲ့အပြုအမူများကိုတွေးရင်းတွေးရင်းသူမဒေါသထွက်လာရသည်။ ယိုင်နဲ့စွာနဲ့ ကုတင်ပေါ်ကဆင်းလိုက်ပြီး ရေချိုးခန်းဆီ ဦးတည်သွားလိုက်သည်။ ရေချိုးခန်းထဲရောက်သည်နှင့် မှန်ကို တန်းကြည့်လိုက်လျှင် သူမ ညှပ်ရိုးနှင့်လည်ပင်း တဝိုက်တွင် အနီကွက် တွေရော အညိုကွက်များရောနှောနေသည်ကို မြင်လိုက်ရပါတော့သည်။ နှုတ်ခမ်းများမှာလည်း အတင်း အကြမ်းပတမ်းနမ်းရှိုက်ထား၍ ပေါက်ပြဲလို့နေသည်။
သူမကိုယ်သူမ မှန်ထဲကိုကြည့်ရင် ရွံ့ပါလာသည်။ တယောက်ယောက်ကယ်ကြပါ... သူမလိုချင်တဲ့အချစ်က ဒီလိုမျိုးမဟုတ်ဖူး ... စိတ်ကူးယဉ်ဆန်တယ် ပြောပြော ဒီအတိုင်းချစ်ချင်ရုံလေးသာ
အဲ့လူနဲ့ ဒီတိုင်းလေး ချစ် အချိန်တန် လက်ထပ်မည် ၊ မေမေနှင့်ဖေဖေတို့လိုမျိုးနေချင်တာဖြစ်သည်။ ဒါပေမဲ့ အခု သူမလက်ရှိဖြစ်နေတာက စိတ်ကူးထားတာနှင့်တခြားစီပင်။

သူမသည် ရေဖြင့် တဖြန်းဖြန်း မျက်နှာကို သစ်ချလိုက်သည် ။ မျက်နှာသစ်ဆေးဖြင့် သစ်ရာတွင် ပေါက်ပြဲနေသော နေရာများမှ စပ်လို့နေသည်။ သူမ နှုတ်ခမ်းကို အကြိမ်ကြိမ် ပလုတ်ကျင်း သွားတိုက်နေသည်မှာ ၁၀ ကြိမ်ထပ်မနည်းဖြစ်သည်။ မျပ်ရည်များမှာလည်း တသွင်သွင်စီးကျလျက်
"ဘာလို့ငါ့ကျမှလည်း" ဟု ရေရွတ်လျက် ငိုနေမိတော့သည်။

•••••••••••••••••••••••••••

ထိုအဖြစ်အပျက်များဖြစ်ပြီးနောက်ရက်များတွင် သူမသည် တတ်နိုင်သလောက် မြတ်ဦးနှင့်မတွေ့မိအောင်ရှောင်သည်။
သူအခန်းတံခါးလာခေါက်၍ ခေါ်သော်လည်း မဖွင့်၊ သူမရှိတဲ့အချိန်ကိုစောင့်ကာ မုန့်ထွက်စားသည်။
မြတ်ဦးမှာလည်း ဒီတခါ သူအရမ်း လွန်သွားမှန်းသိ၍ တပတ်လောက်ရှောင်ပေးကာနေသည်။

အချစ်ဝင်္ကပါထဲလမ်းပျောက်ခြင်း ( lost in love maze)Where stories live. Discover now