Part(29)

14.5K 258 13
                                    

Unicode

သူမတို့၂ယောက် ဟန်နီးမွန်းကနေ ပြန်ရောက်လာကြပြီဖြစ်သည်။ အတော်ပင်သူမတို့လည်ပတ်လိုက်ရသည်။ မြိတ် ထားဝယ် ကော့သောင်း
မောင်းမကန် အစုံပင်။

ထိုကနေအပြန် သူမတို့လက်ဆောင်များလည်း
ဝယ်ခဲ့သေးသည်။

သွေးခြယ် ဒီနေ့ ပြခန်းဆီ သွားကာ အလုပ်တွေ
ပြန်လုပ်ကာနေသည်။

ဒေါက်ဖိနပ် ညံကာ ပြခန်းထဲဝင်လာသော
မိန်းမတဦး.....

ထိုသူကိုသူမ သိပါသည်

ဘွားဘွားကြီးမှ

မြတ်ဦးနဲ့ သဘောတူခဲ့သော မိန်းကလေး....

"ဟယ်လို.... သွေးခြယ်မလား မြတ်ဦးရဲ့...
မြတ်ဦးက အသဲအသန်ဖြစ်နေလို့
ထူးထူးခြားခြားထင်တာ
အခုသေချာကြည့်မိမှ ယူက သာမန်ပါပဲ"

ဝင်ဝင်ချင်းသူမကို ပြောနေတာ အထင်သေး
နေဟန်ပင်
သွေးခြယ်ကလည်း ပက်ခနဲပြန်ပြောလိုက်သည်က

"သူ့အတွက်တော့ ကျွန်မကထူးခြားလို့နေမှာပေါ့"


"Sorry တို့ကိုယ်တို့ မိတ်ဆက်မယ်နော်
တို့က ငွေသန္တာခင်ပါ...
အဟင်း မြတ်ဦးနဲ့
ကနေဒါတုန်းက ပတ်သက်ခဲ့တဲ့သူပါ
ထားပါဒါတွေက ....

ဒါနဲ့congratulations နော် wedding တုံးက တို့က နေမကောင်းဖြစ်နေလို့
မတက်ဖြစ်တာ

အခုလာတာကတို့အလုပ်တခုအပ်ချင်လို့လေ
အဲ့တာ သွေးခြယ်ဆီက လက်ရာလေးတွေလူပြောများနေလို့အရမ်းသေသပ်တယ်ဆိုလို့လေ"

သူမ အငွေ့အသက်တခုကိုရလိုက်မိသည်။
ဒါက မိန်းမတွေရဲ့ပညာတခုဆိုတာ...။
နှင်းမှုန်တို့ကလည်း အလုပ်လုပ်နေရာမှ
သူမရှိရာသို့ရောက်လာကြသည်။
သူမကလည်းအေးဆေး ပြန်မေးလိုက်သည်က

"ဟုတ်ကဲ့ ဘာများအပ်ချင်လို့လဲရှင့်"

"ဒီပုံလေး ထုချင်လို့ပါ"

ပြလိုက်သည်က မြတ်ဦးပုံပင်...။

သွေးခြယ် ဘာမှ စကားမပြောနိုင်အောင်
ဆွံ့ အသွားရသည်။

"ဘာသဘောနဲ့လဲ....ဒါက"

သူမ နှုတ်ခမ်းသားများပင် ဒေါသထွက်ကာ
တဆက်ဆက်ဖြင့်
တုန်ယင်သွားရတော့သည်။

အချစ်ဝင်္ကပါထဲလမ်းပျောက်ခြင်း ( lost in love maze)Where stories live. Discover now