Part (14)

24.9K 497 9
                                    

Unicode

"အ...ကျွတ်..ခေါင်းကိုက်လိုက်တာ"

သွေးခြယ် နားထင်ကိုလက်ညိုးနဲ့ဖိကာ
အာမေဋိတ်တီးတိုးရွတ်မိသည်။
ပြီးနောက် ကုတင်ပေါ်က ထကာ ရေချိုးခန်းထဲသို့
မျက်နှာသစ်ရန်သွားလိုက်သည်။

သူမရေချိုးခန်းမှန်ထဲကြည့်လိုက်တော့
အနီကွက်များက သူမလည်တိုင်နှင့် ရင်ဘတ်
တလျှောက်တွင်အပြည့်နေရာယူထားလျက်ရှိသည်။

ပြီးနောက်မနေ့ကညက ဖြစ်ရပ်များ ခေါင်းထဲ
တရေးရေး ပြန်ပေါ်လာသည်။
သူမမျက်နှာလေးနီသွားသည်။
"အားးးးးး ဘာတွေလဲ"
ငါကသူ့ကို မူးနေတုန်း အတင်းမြူစွယ်တဲ့ပုံဖြစ်သွားတာလား?
ငါပုံစံကအဲ့လိုပုံစံမျိုးမှ မဟုတ်တာ
ဟူးးး ချိုစင်သွေးခြယ် နင်ဒီအတိုင်း မူးနေလို့
သူ့အပေါ်အမှားလုပ်မိတာ
ဟုတ်တယ်နော်

နောက်ဘယ်တော့မှမသောက်တော့ပါဖူး ဟင့်
ဒီတခါနောက်ဆုံးပဲ
အထူးသဖြင့်ဒင်းနဲ့ အတူမသောက်ဖူး
လူလည်ကောင်ကြီး သူများမူးနေတာကို
လွှတ်ပေးမယ်မရှိဖူး။

မှန်ကြည့်ရင်းသူမကိုယ်သူမပြန်အားပေးနေမိသည်။ သူမနှုတ်ခမ်းဖူးဖူးလေးမှ ယောင်ကိုင်း
လျက်ရှိသည်။
သူမရင်နှစ်မွှာမှာလည်း နာကျင်နေသည်။မျက်နှာသစ် ပြီး မနက်စာမစားအားသေး ရေချိုးပြီး
အဝတ်အစားရွေးနေရသည်။
အနီကွက်များကြောင့် လည်ပင်းပိတ်အင်္ကျီကိုသာ
သူမဝတ်ထားရသည်။ သူအရာထင်အောင်ပေးထားနေသောတချို့နေရာများက ပေါက်လို့ပင်နေသည်။ မျက်နှာလေးကို cushion လေးပါးပါးရိုက်ကာ မျက်ခုံးမွှေးဆွဲ၊ eyeshadow လေးခြယ်ကာ
ယောင်နေသောနှုတ်ခမ်းဖူးဖူးလေးကို နှုတ်ခမ်းနီNude Color ဆိုးကာဖုံးလိုက်သည်။ လည်ပင်းမှပေါ်နေသော အမှတ်အရာတချို့ကို concealer နဲ့
ဖုံးလိုက်သည်။

အရူးကောင် သူ့အသားမဟုတ်တိုင်း....

သူမ ဒီနေ့ဝတ်ဆင်ထားသည် လည်ပင်းပိတ်
အင်္ကျီ အသားရောင်လေးကို စတိုင်ပန်အနက်
ရောင်ဖြင့်တွဲစပ်ဝတ်ထားသည်။ ဆံပင်လေးကိုချကာ စလင်းဘတ်အိတ်လေးကို လွယ်၍ အခန်းထဲက ထွက်လာတော့သည်။
အခန်းထဲကထွက်ပြီး ဧည့်ခန်းထဲတွင် သတင်းစာကိုမိန့်မိန့်ကြီး ထိုင်ဖတ်နေသော သကောင့်သားကို
တွေ့လိုက်ရသည်။

အချစ်ဝင်္ကပါထဲလမ်းပျောက်ခြင်း ( lost in love maze)Where stories live. Discover now