Part-(35)

11.5K 263 39
                                    

Unicode

သူမတို့ဆူရှီဆိုင်ရောက်သည်နှင့်
မိုးဇတ်ကအစားအသောက်တွေမှာပေးသည်။

"ဘာထပ်မှာချင်သေးလဲbaby"

"တော်ပါပြီ ဒီလောက်ဆို...အများကြီးပဲ"
မိုးဇတ်က သူမကို တူကိုတစ်ရှူးနဲ့သေချာသုတ်ပေးလို့နေသည်။ သူမ မိုးဇတ်၏ ရုပ်ဖြောင့်မှုကိုကြည့်ရင်း သနားတော့သနားမိသည်။ သူမနေရာမှာ တခြားသူသာဆို သူ့ကိုချစ်မိသွားမှာသေချာသည်။ သူမရင်ထဲမှာ မြတ်ဦးမှ မြတ်ဦးပဲရှိသည်။
မြတ်ဦးသည်သာ တခုတည်းသောသူမရဲ့မျှော်လင့်ချက်လေးမို့လို့ပင်။

မြတ်ဦးကို စိတ်ထဲမှာ မုန်းနေမိသလိုနှင့်သူမ အချစ်တွေ ငယ်စဉ်တည်းက အမြစ်တွယ်ခဲ့တာ သူမကိုယ်သူမ အသိဆုံးပင်။

သူ့ရဲ့ချုပ်ချယ်မှု သဝန်တိုမှုမှာ သူမနေသားကျနေမိသလိုမျိုး...။

သူနည်းနည်းလေး သဝန်မတိုရင်တောင် သူမစိတ်ထဲမှာ အလိုမကျမိတော့ချေ။

စားနေရင်းနှင့် သူမဘယ်လိုဉာဏ်နီဉာဏ်နက်ထုတ်ရမလဲတွေးနေမိသည်။

"အား... ဗိုက်အောင့်လိုက်တာ... အား"
"Baby တအားအောင့်နေလား..."

"အင်း..အခုအိမ်သာသွားချင်တယ်
ဆေးဝယ်ပေးပါလား"

"အိုခီ ကိုယ်ဝယ်ပေးမယ်... babyက ဒီကနေတဖွားမှ မခွါနဲ့နော်"

"အင်းပါ.. အား ဗိုက်နာတယ်.."

သူမသည် ဝရုန်းသုန်းကား ဗိုက်နာတဲ့ပုံစံဖြင့်
Toiletဖက်သိူ့ပြေးလိုက်သည်။

ကံကောင်းစွာနဲ့ပဲ toilet ကမှန်တွင်  နှုတ်ခမ်းနီဆိုးနေသော
မိန်းမကို

"Help me, i have been kidnapped by someone. I need your help. Can i use your phone please?

ငါ့ကိုကူညီပါ။ ငါပြန်ပေးဆွဲခံထားရလို့။ မင်းရဲ့အကူအညီလိုအပ်တယ်။ ကျေးဇူးပြုပြီးမင်းဖုန်းကို ခဏယူသုံးခွင့်ပြုပါ။

"Of course , here's it. Can I report the police?
ယူသုံးလို့ရပါတယ်။ ဒီမှာပါ။ ငါရဲကိုတိုင်ပေးရမလား။

No, this case is so  big and He will harm you. I don't want you to trouble.I just want to call my husband right now.I have no time. I'm in hurry.
မတိုင်ပါနဲ့။ဒီကိစ္စက ကြီးတယ်။ သူမင်းကိုထိခိုက်စေလိမ့်မယ်။ ငါမင်းကို ဒုက္ခမရောက်စေချင်ဘူး။အခုငါ့ယောက်ျားဆီကို ဖုန်းခေါ်ချင်လို့ပါ။ငါ့မှာ အချိန်မရှိဘူး အလျင်လိုနေလို့။

အချစ်ဝင်္ကပါထဲလမ်းပျောက်ခြင်း ( lost in love maze)Where stories live. Discover now