You're My ♡1

3.3K 140 0
                                    

ဒီficလေးမဖတ်ခင် ကိုယ့်ဘက်ကကြိုပြီးတောင်းဆိုထားချင်တာတစ်ခုရှိပါတယ်ဇာတ်လမ်းလေးက ("-့ " )အသံတွေအများဆုံးသုံးထားလို့ နာမည်တွေမှာ ("_့ ")ထည့်သုံးမိတာကိုဗွေမယူစေချင်ပါဘူးဟုတ်ကဲ့ ဒီလောက်ပါဘဲ  စဖတ်လို့ရပါပြီ ။ ။

▫️▪️▫️▪️▫️▪️▫️▪️▫️

" ဒေါက်တာ "

" ဟုတ်ကဲ့ ပြောပါ "

" ဒေါက်တာကလေ အခုလိုပုံစံမျိုးနဲ့သိပ်လိုက်ဖက်တာဘဲ "

" ဟွန် "

" မျက်မှန်ကိုင်းပါးပါးလေးတပ်ပြီး အခုလိုကျွန်မရဲ့ဆေးမှတ်တမ်းတွေကြည့်နေတဲ့အချိန်ဆို ဒေါက်တာကအရမ်းကိုကြည့်ကောင်းလို့ ဒေါက်တာ့ချစ်သူဖြစ်ချင်တဲ့စိတ်တွေတောင်ဝင်မိတယ် "

" ခဏနေဆေးထိုးရမှာနော် .. ဆေးမထိုးချင်လို့အခုလိုပြောတာဆိုရင် အချိန်မှီသေးတယ် ရှင့်ရဲ့စကားတွေပြန်ရုတ်သိမ်းဖို့အတွက်ပေါ့ "

ဒေါက်တာကတစ်ဇာတ်ကလေးစမရပေမဲ့ အစခံရရင်မရှက်တတ်တဲ့မိန်းကလေးတော့မဟုတ်ဘူး ။
သူမဒီလိုပြောချိန်တိုင်း ရှက်ပြုံးလေးတွေပြုံးသွားတတ်တဲ့ဒေါက်တာ ။ သူမသိတယ် ဒေါက်တာကသိပ်ရှက်တတ်တာကို ။ ရှက်ပြီးကျိတ်ပြုံးတဲ့အခါ ပါးလေးတွေကဘေးကားသွားတတ်လို့ ရဲနေတဲ့ပါးပြင်လေးတွေက သိသာလွန်းနေတတ်ပြန်သေးသည် ။ အခုလည်းရှက်နေပြန်တဲ့ ဒေါက်တာ့ကို ကိုယ်ပြောလိုက်တဲ့စကားတွေထဲကအတိုင်း ကိုယ့်ကောင်မလေးအမှတ်နဲ့ အကြင်နာတွေပိုမိပြီးကြည့်နေမိပြန်သည် ။ ပုံမှန်ထပ်နဲနဲလေးလွန်ကြူးနေမိတဲ့
ဒေါက်တာ့အပေါ်ထားတဲ့ကိုယ့်စိတ်တွေကို ဒေါက်တာသာသိရင် စိတ်ဆိုးလေမလားဘဲ ။

" နည်းနည်းလေးတောင်စမရဘူး .. သိတယ်ဆိုရင်တောင် မသိချင်ယောင်ဆောင်ပေးမှပေါ့ "

မျက်စောင်း‌ထိုးပြီးဆူပုတ်ပုတ်နဲ့ပြောလိုက်တဲ့ကိုယ့်ကို ဒေါက်တာကလေ ညင်ညင်သာသာလေးဘဲ ခေါင်းပေါ်လက်တင်လာရင်း ပုတ်လို့လာသည် ။

" ဒေါက်တာ့ကိုစိတ်ဆိုးလို့မရတာသိတယ်မလား .. သိရဲ့သားနဲ့ မသိချင်ယောင်ဆောင်ရင် ဆေးထိုးတဲ့အခါအရမ်းနာတတ်တယ်တဲ့ "

You're My Where stories live. Discover now