You're My ♡11 - Final

2.2K 107 32
                                    

ကိုယ့်ဘေးမှာတိတ်တဆိတ်လေးထိုင်ပြီးညိမ်နေတဲ့ဒေါက်တာက မျက်ဝန်းတွေငိုင်လို့ ။ တင်းခံထားခဲ့သမျှစိတ်တွေကို မျက်ရည်တွေနဲ့မျှောပြီး ကိုယ့်ပခုံးတွေစီမှာ ဝှက်ခဲ့လိုက်တဲ့ ဒေါက်တာ ။ ကိုယ်မမြင်ဖူးတဲ့ ဒေါက်တာ့ပုံစံဆိုတာမျိုး မရှိလောက်အောင် ဒေါက်တာက ပြုမူပြတယ် ။ ကိုယ်ကတော့ ဒီအပြုအမူတွေကိုဘဲ ဘေးကနေအမြဲကြည့်နေတတ်ပြီး ကိုယ်တိုင်ကျ ကိုယ့်စိတ်ရင်းအမှန်တွေကို ဒေါက်တာသိအောင် ချပြဖို့မဝံ့ရဲခဲ့ဘူး ။ ကိုယ်မပြတ်သားခဲ့ဘူး ။

" တောင်းပန်ပါတယ် .. ရှင့်အရှေ့မှာ ကျွန်မဒီလိုပုံစံမျိုး မဖြစ်လိုက်သင့်ဘူး "

ခေါင်းတွေကိုအသာငုံ့ချလိုက်ပြီး ကိုယ့်ဆီလှည့်ကြည့်လာတဲ့ ဒေါက်တာ ။

" မလိုဘဲဒေါက်တာရယ် .. လူ့စိတ်ကပျော့ညံ့တတ်တာသဘာဝဘဲမဟုတ်လား "

" ဒါပေမဲ့ .. ကျွန်မ ရှင့်အရှေ့မှာတော့ ပျော့ညံ့မပြချင်ဘူးလေ "

" ကျွန်မကဘာဖြစ်လို့လဲ "

မျက်နှာကိုအရှေ့တည့်တည့်ဦးတည်လှည့်လိုက်တော့ကိုယ့်ကိုကြည့်နေတဲ့ ဒေါက်တာ့မျက်ဝန်းတွေပျောက်သွားသည် ။

" ကျွန်မအပေါ်ထားတဲ့ ရှင့်ယုံကြည်မှုတွေပျက်သွားမှာဆိုးလို့ "

ဒါက ကိုယ်မကြည့်တော့တဲ့ မျက်ဝန်းတွေရဲ့ပိုင်ရှင်ဆိုလိုက်တဲ့စကားဘဲ ။ စကားတွေက မျက်ဝန်းတွေလိုဘဲ မညာတတ်လေသလား။ ယုံကြည်မှုကိုဘဲ တန်ဖိုးထားလေသလား ။ ကျွန်မကိုဘဲ တန်ဖိုးထားလေသလား ဒေါက်တာ ။

👩‍⚕️.....♡

အိပ်ပျော်နေတဲ့ ညကို ဒူးပိုက်ပြီး ကြည့်နေတဲ့ဆာနာဟာ အမှောင်တွေထဲမှာ တိတ်တဆိတ်လေးဘဲ ထိုင်းလို့နေရှာသည် ။ မျက်ဝန်းတွေအရှေ့ကလစ်ဟာနေတဲ့နေရာမှာ ကျူဝီမရှိ ။ လက်တွေကိုဆန့်ထုတ်ရင်း ထိုနေရာကိုဆာနာစမ်းကြည့်မိတော့ ကျူဝီ စီကရတတ်တဲ့ ထိတွေ့မှုမျိုးတွေရတယ် ။

" ဒီညတော့ ကျွန်မစိတ်တွေမနွေးဘူး ဒေါက်တာ "

👩‍⚕️.....♡

ပိုပိုပြီးတိတ်ဆိတ်လာတဲ့ညတွေ ။ ပိုပိုပြီးကြီးဆိုးလာတဲ့အမှောင်ယံတွေ ။ အခန်းထဲပိုပိုကျယ်လောင်လာတဲ့ မျက်ရည်ကြွေသံတွေ ။ စိတ်ရဲ့ပင့်ရှိုက်သံတွေ ။
ပံ့တင်သံတွေ ။ ပြတင်းတံခါးစီကတိုးဝင်နေတဲ့လေတိုးသံတွေ ။ ပြီးတော့ ကိုယ့်ဆီလျှောက်လာနေတဲ့ ခြေသံသဲ့သဲ့တွေ ။ ထွက်သွား ။ ကျွန်မမှာအချိန်တွေကျန်သေးတယ် ခေါ်ဖို့မစောနဲ့အုံး ။

You're My Where stories live. Discover now