You're My ♡9

694 70 1
                                    

မနေ့ညကအများကြီးသောက်လိုက်မိလို့ ဗိုက်တွေနာနေတဲ့ ကိုယ့်ကို ဒီမနက် အများကြီးသောက်ရကောင်းလားဆိုပြီး ဒေါက်တာက ဆူတယ်သိလား ။ ဒေါက်တာစီကအဆူခံရတာ ပထမဆုံးမို့လားတော့မသိဘူး အဆူခံရတာကိုစိတ်မကောင်းမဖြစ်ဘဲ ပျော်နေလို့ပြုံးပြုံးကြီးလုပ်နေတဲ့ကိုယ့်ကြောင့် ဒေါက်တာ့မှာဘဲ စိတ်တွေပိုတိုးလို့ဆိုးနေရသည် ။

" တစ်ကယ်စိတ်ဆိုးချင်စရာပါဆို  "

" စိတ်မဆိုးပါနဲ့ .. ဒေါက်တာစိတ်ဆိုးရင် ကျွန်မအထီးကျန်ရလို့ .. သဘောမကျတဲ့အရာတွေ့ရင် ဒီလိုလေးဖြစ်ဖြစ်ဆူ  .. ဒါဆို ကျွန်မအများကြီးနေပျော်ရတယ် "

ပြုံးပြုံးလေးဘဲ ဒေါက်တာ့ကိုကြည့်ပြီး ပြောမိတဲ့စကားတွေမှာ ကိုယ့်ရင်ဖွင့်သံတစ်ချို့ပါတယ် ။ ကျွန်မအနားဒေါက်တာမရှိတဲ့အချိန်တွေ ၊ ကျွန်မစီဒေါက်တာမလာတဲ့တဲ့ရက်တွေက ကျွန်မအတွက်တော့ အထီးကျန်စရာပါလို့လေ ။ ကျွန်မဆိုလိုချင်တာကို ဒေါက်တာကနားလည်ပါ့မလား ။

" ကျွန်မလည်းအတူတူပါဘဲ .. ဘာကြောင့်မှန်းမသိ ရှင်နဲ့အတူရှိနေရတဲ့အချိန်တွေဆို အရမ်းသက်တောင့်သက်သာဖြစ်ပြီး ပျော်ရတယ် "

ကိုယ့်အရှေ့က ကုန်သွားပြီဖြစ်တဲ့ အမူးပြေဟင်းချိုပန်းကန်လုံးကိုယူကာပြောလာတဲ့ဒေါက်တာ့စကားကြောင့်တော့ ခုံမှာထိုင်လျှက်ရှိနေတဲ့ကိုယ့်မှာ ပြောထွက်ရမှာကိုရင်ထဲတဆိုးထိတ်ထိတ်ဖြစ်နေရတဲ့ စကားတစ်ခွန်းကို ဒေါက်တာ့အားပြောထွက်နိုင်လိုက်ချင်နေမိသည် ။

" ဒေါက်တာက ကျွန်မကို သဘောကျတာလား "

ထပ်ပြီးမပြောလိုက်နိုင်ပြန်‌တဲ့စကားတစ်ခွန်းပေါ့ ။ ရင်ထဲမှာဘဲပျိုးထားရင်း ရင်ထဲမှာဘဲ ဖူးပွင့်စေလိုက်တယ် ။ ကြွေချိန်တစ်လှည့်ကျလည်း ရင်ထဲမှာဘဲကြွေကျသွားပါစေတော့ပေါ့ ။ ဒီဘဝတော့ ဒီစကားကို ကျွန်မမပြောတော့ဘူး ဒေါက်တာ ။

" ကျွန်မရှင့်ကိုသဘောကျတာပေါ့ .. ရှင်က ကျွန်မကို အမြဲပြုံးရယ်နေရအောင်ထားတယ်လေ "

ရှင်က ကျွန်မဘဝရဲ့ မှတ်တိုင်မှာဆင်းလာခဲ့တဲ့သူဘဲမဟုတ်လား ဆာနာ ။ ကျွန်မသဘောကျရတာပေါ့ ။

You're My Where stories live. Discover now