You're My ♡2

1K 87 0
                                    

ဒေါက်တာ့အိမ်လိုက်ရမည်ဆို၍ သူနာပြုအစ်မတစ်ယောက်ကိုအကူအညီတောင်းပြီး အဝတ်အစားလှလှလေးတစ်စုံလောက်ဝယ်ခိုင်းဖြစ်လိုက်သည် ။ ဒေါက်တာ့အလုပ်ဆင်းချိန်လည်းနီးပြီမို့ ရေချိုးပြီးအဝတ်တွေလဲကာ အခန်းထဲမှာ အသင့်စောင့်နေလိုက်သည် ။ မကြာလိုက်ဘူး အခန်းတံခါးခေါက်သံကိုကြားလိုက်ရသည် ။ ဒေါက်တာ့က ကိုယ့်ဆီလာရင် တံခါးခေါက်ပြီးမှ ဝင်လာနေကြ ။ တဖြည်းဖြည်းကြားလာရတဲ့ ခြေသံဖွဖွတွေမှာ ဒေါက်တာ့အသက်ရှူသံလေးတွေလည်းပါလို့လာသည် ။ အခန်းတံခါးဘက်ကျောပေးထိုင်ထားတဲ့ ကိုယ့်ကို ဒေါက်တာက

" အဝတ်တွေလဲထားတာဘဲ "

ဟုပြောကာ လက်ထဲပါလာတဲ့အိတ်တစ်ခုကိုကြည့်ပြီး စိတ်မကောင်းစွာဆိုလို့လာသည် ။ အနားရောက်လာတဲ့ ဒေါက်တာ့လက်ထဲက အိတ်ကိုမြင်မိတော့ ဒေါက်တာက ထိုအိတ်ကို သူ့ခြေထောက်တွေနောက်ဖွက်လိုက်သည် ။ မလုံပါဘဲပေါ့ ။

" အဲ့ဒါကဘာလဲ "

" ရှင့်အတွက်ယူလာပေးတာ .. အခုတော့ မလိုတော့ဘူးထင်တယ် .. ကျွန်မဘဲပြန်ယူသွားလိုက်ပါ့မယ် "

👩‍⚕️.....♡

ကားအနောက်ခန်းထဲကအိတ်ကို ခဏခဏဆိုလိုလှည့်လို့ကြည့်မိသည် ။ ဒေါက်တာကတော့ ကိုယ့်ဘေးမှာကားမောင်းနေရင်းပေါ့ ။ ပုံမှန်အချိန်ဆို မျက်မှန်မတပ်တဲ့ ဒေါက်တာကလည်း ကျွန်မအတွက်တော့ မြတ်နိုးရာအတိလေးပါဘဲ ။

" ဒီလိုဘဲကြည့်နေတော့မှာလား "

" ဒေါက်တာကားမောင်းနေတဲ့ပုံစံမျိုး မမြင်ဖူးတော့ ကြည့်နေမိတာဖြစ်မယ် .. ဘယ်လိုလုပ်မလဲ .. ဒီလိုနဲ့ ဒေါက်တာကားမောင်းနေတာကို ဘေးကနေအမြဲထိုင်ကြည့်ချင်နေမိတော့မှာဘဲ .. အရမ်းကိုကြည့်ကောင်းနေတော့ "

ရှက်ရှက်နဲ့ရယ်သွားပြန်တဲ့ ဒေါက်တာပါ ။ ကိုယ့်ကြောင့်ရယ်နေတဲ့ ဒေါက်တာ့ရဲ့အခုလိုအရယ်အပြုံးတွေကို ထပ်ပြီးမြင်နေခွင့်ရဖို့က တစ်နှစ်ဘဲအချိန်ကျန်တော့တာတဲ့လား ။ တိုတောင်းလှတဲ့လူ့ဘဝနဲ့ ကြည့်မဝတဲ့ဘေးကဒေါက်တာနဲ့တော့ ကိုယ့်မှာခက်လှတယ် ။

👩‍⚕️.....♡

" အိမ်မှာ လူကြီးတွေမရှိဘူးလား "

You're My Where stories live. Discover now