You're My ♡3

914 78 4
                                    

ဒေါက်တာအခန်းထဲပြန်ရောက်မလာတော့တဲ့ အချိန်တွေမှာ ကျွန်မဘယ်လိုနေကျန်ရစ်ခဲ့ရသလဲဆိုတာ တွေးပေးဖူးလား ဒေါက်တာ ။ ကျွန်မတော့ ဒေါက်တာ့အနား ကျွန်မမရှိတဲ့အချိန်တွေကို အမြဲတွေးဖြစ်တယ် ။

မွန်းကြပ်ခဲ့ဖူးသမျှစိတ်တွေထဲ ဒီနေ့မွန်းကြပ်မှုကအဆိုးဆုံးလို့ပြောရမယ် ။ ဒေါက်တာမှမပါရင် အခန်းအပြင်မထွက်တတ်တဲ့ကိုယ်က ဒီနေ့ တစ်ယောက်ထဲ အပြင်ထွက်ဖြစ်လာတယ် ။ ဒေါက်တာ့ကိုမတွေ့ဘူး ။ ဖြတ်လျှောက်သွားမိတဲ့နေရာတိုင်း ဒေါက်တာရှိနေမလားဆိုတဲ့စိတ်နဲ့ ရှာကြည့်မိတယ် ဒေါက်တာနဲ့တူတာဆိုလို့ ရှူးဖိနပ်စီးထားတဲ့မိန်းကလေးတစ်ယောက်တောင် မတွေ့မိဘူး ။ သစ်ပင်အရိပ်တစ်ခုအောက်ရောက်လာတော့ ခဏလောက်ထိုင်ချင်တဲ့စိတ်ကလေးဖြစ်လာတယ် ။ အနားမှာခုံတန်းလျားရယ်မရှိ ။ လက်ကဆေးပိုက်တွေကိုကြည့်ပြီး ဘယ်လိုထိုင်ရမလဲတွေးမိမှ ဒေါက်တာကိုယ့်ကိုအမြဲဝှီးချဲတွန်းပေးခဲ့တဲ့ အကြောင်းကိုသိရတော့တယ် ။ ခဏလောက် ဒီဆေးအပ်လေးဖြုတ်ပြီးထိုင်လိုက်လို့တော့ ဘားမှမဖြစ်လောက်ဘူးမလား ။ ကိုယ်တစ်ကယ် ဒီနေရာလေးမှာ ထိုင်ချင်နေလို့ ။ လက်ကဆေးအပ်တွေကိုဖြုတ်ဖို့ လက်လှမ်းမိတော့ ဒေါက်တာပတ်ပေးထားတဲ့ လက်ကောက်လေးက မျက်ဝန်းတွေအရှေ့ရောက်လာသည် ။ ဆေးအပ်ကိုဖြုတ်ဖို့ပြင်ပြီးမှ ငွေရောင်လက်ကောက်တစ်ကွင်းဆီမှာ အသိစိတ်တွေသောင်တင်နေမိလို့ သွားချင်တဲ့အရပ်တွေဆီရောက်ဖို့အချိန်ဟာခဏလေးကျံ့ကြားလို့သွားရသည် ။

" ဒါကဘာလုပ်နေပြန်တာလဲ .. ဆေးအပ်ကိုကိုယ့်သဘောအတိုင်းမဖြုတ်ဖို့ ကျွန်မသတိပေးထားတဲ့ဟာ "

သူမလက်ကောက်ဝတ်ကိုကိုင်ပြီး ဆေးအပ်တွေအနားကဖြုတ်ချလိုက်တဲ့ သူမရဲ့လက်ကောက်ဝတ်မှာ ဒေါက်တာ့ရဲ့ လက်ရာရဲရဲတွေကထင်းလို့ကျန်ခဲ့သည် ။

" ဒီတစ်ကြိမ်တော့တစ်ပတ်လောက်မပျောက်သွားဘူးဘဲ .. လနဲ့ချီပြီး ကျွန်မကို ဒေါက်တာရှောင်နေတော့မယ်ထင်နေတာ "

" တစ်ယောက်ထဲအပြင်ဘာထွက်လုပ်တာလဲ "

" အခန်းထဲမှာနေရတာ မွန်းကြပ်လာလို့ "

You're My Where stories live. Discover now