You're My ♡8

714 66 1
                                    

လသာဆောင်မှာရပ်ပြီး ထွက်လာစပြုနေတဲ့နေမင်းကိုကြည့်တော့ ဆုတွေဟာ ကိုယ့်ဦးနှောက်ထဲ ဒူးထောက်လို့လာကြတယ် ။ ကြည့်ရတာ နေမင်းစီမှာ ကိုယ့်အတွက်ဘဲဖြစ်ဖြစ် ၊ ဒေါက်တာ့အတွက်ဘဲဖြစ်ဖြစ် ဆုတောင်းပေးစေချင်နေပုံပါဘဲ ။ အိပ်ခန်းထဲက ဒေါက်တာ့ကိုတစ်ချက်လည်ပြန်လှည့်ကြည့်မိတော့ ဒေါက်တာက အိပ်နေရင်းဘဲ ကိုယ့်ကိုလှမ်းလို့ကြည့်နေလေသည် ။ ပြုံးပြလိုက်မိတဲ့ကိုယ့်နှုတ်ခမ်းတွေကို ဒေါက်တာကလည်း ပြန်ပြုံးပြလို့နှုတ်ဆက်တယ် ။ နံနက်ဦးရဲ့အစလေးဘဲရှိသေးတယ်ဆိုပေမဲ့ ဘဝရဲ့အချစ်ဦးဆီမှာတော့ ကျွန်မရဲ့အချစ်မေတ္တာအရောင်ဟာ နေ့လယ်ခင်းနေမင်းထပ်ပိုထိန်ထိန်လင်းနေပါပြီ ။

မေတ္တာတွေအသွားအပြန်မရှိရင်နေပါ ကျွန်မတော့ ဒေါက်တာ့ကိုပိုမြတ်နိုးပြီးပိုချစ်ရတာပါဘဲ ။

👩‍⚕️.....♡

စတိုးဆိုင်တစ်ခုအ‌ရှေ့က ပိုက်ဆံအနည်းငယ်ထည့်ပြီး ပစ္စည်းကောက်တဲ့စက်ထဲ ဒေါက်တာ့ကိုအတင်းပူဆာပြီး ချိုချဉ်လက်စွပ်လေးရအောင်ကောက်ခိုင်းနေမိတဲ့ကိုယ် ။ ဒေါက်တာလည်း ဒါကိုပထမဆုံးဆော့ဖူးတာဆိုပေမဲ့ အကြွေစေ့တွေတစ်စေ့ပြီးတစ်စေ့ထည့်ရင်း ရအောင်ကောက်နေတဲ့ဒေါက်တာက ကိုယ့်ဆီမှာထက် အဲ့စက်စီမှာသာပို၍အာရုံများနေလေသည် ။ ဘေးကနေထိုင်ပြီး ကောက်လို့ပါလာခဲ့တဲ့ ချိုချဉ်တွေကို တစ်ခုပြီးတစ်ခုစားရင်း ဒေါက်တာ့ကိုကြည့်နေခဲ့ပေမဲ့ ဒေါက်တာကျွေးတဲ့သကြားလုံးတွေလောက် သူတို့စားမကောင်းတာကို ကိုယ်သိတယ် ။

" ဘာလို့သူက ဒီလောက်ကောက်ရခက်နေတာပါလိမ့် .. ကျွန်မ ဒီစက်ထဲကဟာတွေဘဲ အကုန်လုံးဝယ်လိုက်ရမလား ဆာနာ .. ဒါဆို ကျွန်မဒါကို ခက်ခက်ခဲခဲနဲ့အချိန်ကုန်ခံပြီးကောက်နေစရာမလိုတော့ဘူး "

ပြောစကားတွေသာများတာပါ အခုထိတော့ ဒေါက်တာဟာ စိတ်ရှည်ရှည်နဲ့ အဲ့ချိုချဉ်လက်စွပ်လေးကိုကောက်ပေးနေတုန်း ။ စတိုးဆိုင်ထဲကအဒေါ်ကြီးတောင် အမှိုက်လွှတ်ပြီးပြန်ရောက်လာပြီ ကျွန်မရဲ့ဒေါက်တာကတော့ အခုထိကောက်မရသေးဘူး ။ မနက်ထဲကဆိုင်ရှေ့ငုတ်တုတ်ထိုင်ပြီးအရုပ်ကောက်နေတဲ့ ကိုယ်တို့ကိုအဒေါ်ကြီးလည်း သတိထားမိပုံရသည် ။

You're My Where stories live. Discover now