You're My ♡7

729 63 1
                                    

" အိပ်ပါဆို ဘာလို့မအိပ်တာလဲ "

" ပျားရည်ဆမ်းခရီးထွက်လာပါတယ်ဆို တစ်ယောက်ထဲအိပ်လို့ဘယ်ကောင်းမလည်း ဒေါက်တာနဲ့မှ အတူတူအိပ်မှာပေါ့ "

" မျက်လုံးတွေစင်းနေပြီမိုလို့လေ အိပ်တော့လို့ပြောတာ  "

" အရမ်းသိသာနေတာလား "

" အွန်းး "

" ဒါဆို ကျွန်မခဏလောက်အိပ်မယ်နော် တစ်ကယ်ခဏလေးဘဲအိပ်မယ် "

" အိပ်ပျော်အောင်အိပ်နော် "

ရှင်အိပ်ပျော်မှဖြစ်မယ် ဆာနာ ။ မဟုတ်ရင် အခုသွားနေတဲ့နေရာက ကျွန်မအိမ်မှန်း ရှင်သိသွားရင် ကျွန်မကိုစိတ်ဆိုးမိလိမ့်မယ်ထင်တယ် ။

ကားမောင်းနေရင်း ဆာနာ့ရဲမျက်နှာရိပ်မျက်နှာကဲကို ကျူဝီ့မှာကြည့်နေရသည် ။ စကားနားထောင်ပြီး အိပ်သွားတဲ့ ဆာနာကတော့ သူမနိုးလာတဲ့အခါ ပင်လယ်ကိုမြင်ရမို့ အိမ်မက်တွေမက်လို့နေရဲ့ ။

👩‍⚕️.....♡

ကားထဲကနေ အသာဘဲဆာနာ့ကိုပွေ့ချီလို့ အိမ်ထဲသို့ကျူဝီရောက်လာခဲ့သည် ။ အထုတ်တွေကိုတော့ ပြီးမှ တစ်ခေါက်ပြန်သယ်ရင်းပေါ့ ။ အထုတ်တွေသယ်ပြီး ကျူဝီအိမ်ထဲဝင်လာတော့ ဆာနာကဧည့်ခန်းထဲမှာရပ်လို့နေသည် ။ အထုတ်တွေနဲ့သူမကိုကြည့်နေတဲ့ ဆာနာဟာ အခုရောက်နေတဲ့နေရာက သူမအိမ်ဖြစ်နေလို့ အံ့ဩနေပုံပါဘဲ ။

" ဒေါက်တာ "

" နိုးလာတာလား "

" ဒါက "

" ရေဆာလို့လား "

အထုတ်တွေကို စားပွဲတစ်ခုပေါ်တင်လိုက်ပြီး ရေခဲသေတ္တာထဲက ရေခရားကိုထုတ်ကာ ဖန်ခွက်အလွတ်တစ်လုံးထဲသို့ ရေဖြည့်လိုက်သည် ။

" ဒီမှာ ရေ "

ကိုယ်လုပ်ထားတဲ့ကိုယ့်အပြစ် ကိုယ်သိတာမို့ မျက်လုံးချင်လည်းဆုံအောင်မကြည့်ရဲဖြစ်နေရှာတဲ့ ကျူဝီရယ် ။ ဒါကိုဘဲ အခုထိအခြေအနေကိုနားမလည်သေးတဲ့ ဆာနာကတော့ မနက်မှသွားမယ်အထင်နဲ့ဘဲ ကျူဝီတိုက်တဲ့ရေကိုလက်ခံပြီးသောက်လိုက်သည် ။

" ဒေါက်တာလည်း အိပ်တော့လေ မနက်ကျ ခရီးဝေးသွားရအုံးမယ်မဟုတ်လား "

You're My Where stories live. Discover now