You're My ♡6

734 72 0
                                    

မနက်၅နာရီကျော်ချေပြီ ။ အများကြီးအိပ်နေခဲ့ရလို့ထင်ပါရဲ့ အိပ်မပျော်ပြန်တဲ့ တစ်ညတာကို တစ်ယောက်ထဲဖြတ်ကျော်လို့နေရသည် ။ အောက်မှာအိပ်နေတဲ့ ဒေါက်တာ့မျက်နှာလေးကို မြင်ချင်လာလို့ကုတင်ပေါ်ကနေဆင်းလာခဲ့ရင်း ဒေါက်တာ့ဘေးငုတ်တုတ်လေးထိုင်လို့ကြည့်မိသည် ။ ကိုယ်ရှိနေတဲ့ကုတင်ဘက်ကိုစောင်းပြီးအိပ်နေတဲ့ ဒေါက်တာက လက်ကလေးပိုက်ထားလျှက် ။ ပါးပေါ်ကျနေတဲ့ဆံနွယ်စတွေကို နားအနောက်အသာသပ်ယူပေးတော့ ခံစားမိလိုက်တဲ့ စိုစိစိခံစားချက်ဟာ နားထင်တွေမှာအရင်းတည်သည် ။ မျက်တောင်တွေလည်း ကပ်နေလို့ ဒေါက်တာဟာငိုထားပုံပါဘဲ ။

" ကျွန်မရဲ့ဒေါက်တာလေး အရမ်းလန့်သွားတာဘဲ ဖွဖွဖွ "

👩‍⚕️.....♡

ဒေါက်တာပြန်သွားပြီးမကြာဘူး ကိုယ့်အခြေအနေကိုလာကြည့်တဲ့ အဖေဖြစ်သူဟာ အခန်းထဲရောက်ရှိလို့လာခဲ့သည် ။ ကုတင်ပေါ်ကမဆင်းဖို့ဒေါက်တာက မပြန်ခင်လေးမှာသွားတာကြောင့်တော့ ပြတင်းပေါက်နားသွားရပ်ချင်နေတဲ့စိတ်တွေကိုတောင် ကိုယ်နဲ့အတူ ကုတင်ပေါ်မှာခေါ်ထားရတယ် ။

" အဖေ "

" အွန် ပြောလေ "

" ဒီကုတင်ကို ကြီးကြီးလေးလဲပေးလို့မရဘူးလား "

" ဘာလို့လဲ "

" ကုတင်ကကျဉ်းနေတော့ အိပ်ရတာစိတ်ကျဉ်းကြပ်လို့ "

" ဟုတ်ပါပြီး ဒါဆို ညနေကျ အဖေဒီထပ်ပိုကြီးတဲ့ကုတင်နဲ့လဲပေးပါ့မယ် "

" ပြီးတော့ သမီးခရီးထွက်ချင်တယ် "

" ဒါတော့မရဘူး "

" သတိပေးတာပါ .. ဆုံးဖြတ်ချက်ကိုတော့ ဒေါက်တာ့ဆီကဘဲ လက်ခံမှာ "

" ဒေါက်တာ့မှာလည်း သူ့အလုပ်နဲ့သူများနေတယ်လေ ဆာနာ "

" ဒါဆို အဖေကဘဲ ဒေါက်တာ့အလုပ်တွေကို တစ်ခြားသူတစ်ယောက်ဆီလွှဲပေးလိုက်ပေါ့ "

" အမြဲကိုယ့်ဘက်ဘဲကြည့်နေလို့မရဘူးလေ ဆာနာ .. ဒေါက်တာ့ဘက်လည်း ကြည့်ပေးအုံးမှပေါ့ .. ဒေါက်တာက သမီးအနားအမြဲနေချင်မှနေချင်မှာလေ "

You're My Where stories live. Discover now