You're My ♡10

713 67 1
                                    

အလင်းရောင်အချို့က မျက်ခွံတွေကိုဖောက်ပြီး မျက်လုံးတွေကိုဆူးလို့လာစေနေသည် ။ မျက်နှာပေါ်ကျနေတဲ့ နေအလင်းရောင်တွေလည်းရှိနေပြီဆိုပေမဲ့
ဆာနာဟာ အခုထိ အိမ်မက်တွေထဲမှာ တည်ရှိလို့နေသေးသည် ။ ငိုနေတဲ့ ကျူဝီကို မျက်ရည်တွေသုတ်ပေးနေရင်း မငိုဖို့ တဖွဖွပြောနေတဲ့ စကားသံတွေကို ဆာနာနှုတ်ခမ်းမှာ ရှာလို့တွေ့သည်။ ခေါင်းဘဲရမ်းနေပြီ အငိုမပျက်တဲ့ ကျူဝီက ဆာနာလက်တွေကိုသူမပါးပြင်တွေနဲ့မလွတ်လိုက်စေချင်သကဲ့သို့ မျက်ရည်သုတ်ပေးနေတဲ့ ဆာနာလက်ဖဝါးပြင်တွေကို သူမပါးပြင်နဲ့ထိတွေ့ဖို့ဘဲ အကြိမ်ကြိမ်ကြိုးစားလို့နေသည် ။
ဒီပုံစံမျိုးအိမ်မက်ကိုဘဲ ဆာနာမြင်မက်နေခဲ့တာ ကျူဝီနဲ့သူမ စကားပြောတွေအေးသွားကြတဲ့အချိန်ကစပြီးဖြစ်သည် ။ ဒေါက်တာက ကလေးတစ်ယောက်လို တွယ်တွယ်တာတာနဲ့ငိုနေတာ ။ ကလေးတွေက တစ်ခုခုကိုပိုင်ဆိုင်ထားပြီးရင် ပြန်ပြီးဆုံးရှူံးရတာမကြိုက်ဘူးလေ ။ အထူးသဖြင့် သူတို့အတွယ်အတာဆုံးအရာတွေအပေါ်မှာပေါ့ ။

" ဆာနာ .. ရှင်နိုးနေပြီဆိုရင်လည်း ထတော့လေ .. ကျွန်မအိမ်မပြန်ခင် ရှင့်ကို ဆံပင်ကျစ်ပေးခဲ့မယ် "

မျက်လုံးတွေဖွင့်လိုက်မိတော့ စာအုပ်တွေအိတ်ထဲထည့်နေတဲ့ ဒေါက်တာ့ကို ပြတင်းပေါက်နားကစားပွဲ‌မှာ တွေ့လိုက်ရသည် ။

👩‍⚕️.....♡

ဆံပင်တွေကိုဖြည်းဖြည်းဖီးချနေရင်း ဆံပင်ကျစ်ပေးဖို့လုပ်နေတဲ့ ဒေါက်တာက သူ့ခြေထောက်တစ်ဖက်ကိုဘဲ ကုတင်ပေါ်တင်လို့ခွေထားသည် ။ ကျန်တစ်ဖက်ကတော့ အောက်ကိုချလို့ထားရင်း ။
ကိုယ်ကတော့ ကုတင်ပေါ်တမြင်ခွေလေးဘဲထိုင်လျှက် ဒေါက်တာဆံပင်ကျစ်ပေးမှာကို ညိမ်ခံနေလိုက်သည် ။ ထပ်ပြီးဒေါက်တာ့ကိုစိတ်မကောင်းဖြစ်‌ေအာင် မလုပ်မိဖို့ စကားလမ်းကြောင်းလွှဲရာကနေ ဒေါက်တာဆံပင်ကျစ်တတ်လားဆိုပြီး မေးမိရာက အခုလို ဆံပင်ကျစ်ပေးဖို့ တောင်းဆိုမိလိုက်သည်အထိ မနေ့ညကအတော်လေး နှစ်ယောက်စကားကောင်းခဲ့ကြပြီး အိပ်ရာဝင်နောက်ကျခဲ့ကြလေသည်။

" သောက်ရတဲ့ဆေးတွေကပြင်းလို့ထင်တယ် အရင်ထပ်ဆံပင်တွေပိုကျွတ်လာတယ် "

You're My Where stories live. Discover now