Chapter 2

230 32 16
                                    

Unicode

လွန်ခဲ့သော ဆယ်နှစ်ခန့်/ အသက် ၂၃နှစ်အရွယ် ကျန်းကျယ်ဟန့်

အစိုးရဝန်ထမ်းပေါက်စ ကျန်းကျန့်ဟန်တစ်ယောက် ပင်ပန်းစွာနှင့် ရှန်ဟိုင်းရှိ သူငှားထားသော စျေးခပ်ပေါပေါ တိုက်တန်းလျားငယ်သို့ လေးကန်နေသော ခြေလှမ်းများဖြင့် ပြန်လာခဲ့သည်။ လက်ရှိအလုပ်သည် သာမာန်သာ ဖြစ်ပြီး ပျင်းစရာကောင်းကာ အလုပ်ချိန်နာရီက ရှည်လျားလွန်းသည်။ သို့သော် သူဒီအလုပ်မှ မလုပ်ရင်လည်း တစ်ကောင်ကြွက်ဖြစ်နေသောကြောင့် အလုပ်အကိုင်မဲ့ဖြစ်ကာ စားစရာ/နေစရာ မရှိဖြစ်တော့မည် ဖြစ်၍ ကျိတ်မှိတ်လုပ်ကိုင်ရသည်။

လှေကားငယ်က တက်အလာ သူ့အခန်းနား လှေကားရှေ့တွင် မျက်နှာချင်းဆိုင်အိမ်မှ ကောင်ငယ်လေးကတော့ လက်လေးပိုက်ကာ ကိုယ်ကို ကျုံ့နိုင်သလောက်ကျုံ့၍ ပုံ့ပုံ့လေး ထိုင်နေလေ၏။ Hoodieခေါင်းစွပ်လေးနှင့် ဘောင်းဘီရှည်တို့ ဝတ်ထားသော်လည်း အခုလို နှင်းကျနေသည့် ဆောင်းရာသီမှာတော့ နွေးထွေးပါရဲ့လား ကျယ်ဟန်စိတ်ပူမိသည်။

"ဟေး၊ ဒီနေ့ဘာဖြစ်ပြန်ပြီလဲ? သော့ပျောက်နေလို့လား?"

ကျယ်ဟန့် လှမ်းအမေးကို ကြားတော့ ချာတိတ်ငယ်က ခေါင်းထောင်လာပြီး သွားများပေါ်လာအောင် ရယ်ပြလာသည်။

"ကျွန်တော်မေမေ့ကို စိတ်ဆိုးအောင် လုပ်မိလိုက်လို့ပါ။ ဘာမှမဖြစ်ပါဘူး၊ ကိုကို။"

သူ ဘွဲ့ရအပြီး အလုပ်ရခါစ ဒီကို ပြောင်းလာအပြီးမှတော့ ချာတိတ်နှင့် သူ ခဏခဏ လှေကားရင်းတွင် ဆုံမိသည်။ ထိုကောင်ငယ်လေးမှာ ခဏခဏ ဆူဆဲ ရိုက်နှက်ခံရပုံပေါက်ပြီး ထို့နောက်တွင်တော့ အိမ်ပြင်မှာ ထွက်ထိုင်စေခြင်း အပြစ်ပေးခံရသဖြင့် သူပြန်အလာနှင့် တိုးနေမိခြင်းဖြစ်သည်။

မြင်ရပါများ၍ မျက်မှန်းတမ်းနေမိသည်။

၁၅နှစ်အရွယ် ချာတိတ်က သူ့ထက် ၈နှစ်ကြီးသော သူ့ကို ကိုကိုတဲ့လေ။

"ငါအိမ်ထဲ ဝင်နေမလား? ရာသီဥတုက အေးရ အေးနဲ့။"

သူ့စကားကို ချာတိတ်က ခေါင်းရမ်းပြသည်။

Our Love Story Where stories live. Discover now