Chapter 12

117 15 2
                                    

Unicode

ကုန်းကျွင်းမှာ မတုန်မလှုပ်နဲ့ပင် ကိစ္စအဝဝကို မန်နေဂျာနှင့် နာရေးကူညီမှုအသင်းကို အပ်ထားလိုက်သည်။ ကျယ်ဟန်တစ်ယောက်မှာ အရိပ်တကြည့်ကြည့်နှင့် စောင့်ကြည့်နေသော်လည်း တစ်ရက် နှစ်ရက်အတွင်း မထူးမခြားနှင့်မို့ စိတ်ထဲမှာ နေမကျဖြစ်လာရသည်။

"ကျွင်းကျွင်း၊ မင်းအဆင်ပြေရဲ့လား?"

"ဗျာ၊ ပြေပါတယ်၊ ကိုကို။ ဘာဖြစ်လို့လဲ။"

ဇာတ်ညွှန်းတစ်အုပ်ကို သေချာစိတ်ဝင်စားစွာ ဖတ်နေသော ကုန်းကျွင်းတစ်ယောက် ခေါင်းထောင်လာသည်။

"ဪ၊ ငါက စိတ်ပူလို့ပါ။ မင်း စိတ်မကောင်းဖြစ်နေမှာစိုးလို့။"

"ကိုကိုရယ်... ကျွန်တော် စိတ်တော့ မကောင်းဖြစ်တာပေါ့။ စိတ်လည်း အရမ်းနာတယ်။ ကျွန်တော်က သားအရင်း ဘယ်တော့မှ မဖြစ်ခဲ့ဘူး ဆိုတာရော၊ ပိုက်ဆံတွေနဲ့ လဲလှယ်ယူသွားနိုင်တယ် ဆိုတာရောက နည်းတဲ့ စိတ်ဒဏ်ရာမှ မဟုတ်တာလေ။ အခုလို ဆုံးသွားတော့လည်း ဘာပြောရမလဲ... ဘယ်တတ်နိုင်မလဲ... သူ့ရဲ့ မကောင်းစိတ်/အကုသိုလ်က အကျိုးပေးသွားတာပဲ...."

မျက်နှာလေးက ချက်ချင်း မှုန်မှိုင်းသွားပြီး ထိန်းပြောနေရသော အသံပင် အနည်းငယ် ကွဲအက်ကြေလာသည်ကို ကြားမြင်တွေ့လာရသောအခါ ကျယ်ဟန့်မှာ အစဆွဲထုတ်မိသည့် ကိုယ့်ကိုယ်ကို နောင်တရမိသွားသည်။

"ဒါပေါ့ ဒါပေါ့။ ကျွင်းကျွင်း၊ စိတ်မကောင်းမဖြစ်ပါနဲ့။ ကိုကို ရှိနေတာပဲ။"

ကုန်းကျွင်းမှာ မျက်နှာလေး ငယ်ပြလိုက်သည်နှင့် ပြာပြာယာယာနှင့် ပြေးဝင်ဖက် နှစ်သိမ့်လာပေးသော ခန္ဓာကိုယ်လေးကို ဖမ်းထိန်းပေးလိုက်ရင်း ပခုံးပေါ် မေးတင်၊ လည်တိုင်ကျော့ကျော့လေး၌ နှာခေါင်းနှစ်ကာ အလွန်ပင် နှစ်သက်မြတ်နိုးရပါသော ကိုယ်သင်းနံ့လေးကို ရှုရှိုက်နေမိသည်။

"ဟုတ်တယ်။ ကျွန်တော့်မှာ ကိုကိုရှိရင် ရပြီ။"

ခါးသေးသေးလေးကို မြတ်နိုးစွာ ဖတ်ရင်း ကုန်းကျွင်း သက်ပြင်းတစ်ချက်ကို ရှိုက်မိသည်။ သူ၏ဘဝတွင် တစ်ဦးတည်းသော မြတ်နိုးရာလေးကို ထားစရာမရှိအောင် ချစ်မိသွားသည် ဖြစ်၍ ဘယ်လိုလုပ်ရပါ့။

Our Love Story Where stories live. Discover now