Unicode
ယွမ်ငါးသန်းဆိုသည့် ပမာဏမှာ အလွန်ပင် များပြားလှကြောင်း အခြေခံလစာတစ်လ ယွမ်၇၀၀၀ကျော်လေးသာ ရသည့် ကျယ်ဟန့်အလုပ်က သက်သေပြနေသည်။
သူ့အလုပ်သည် စားလောက်သောက်လောက်ယုံသာ ဖြစ်သော်လည်း သူနှင့် ကုန်းကျွင်းတို့ ချောင်ချိစွာ သက်တောင့်သက်သာ နေနိုင်စားနိုင်ကြသည်။
တစ်ယွမ်နှစ်ယွမ်နှင့်ပင် ပေါက်ဆီတစ်လုံးရနိုင်သောအချိန်တွင် ဘယ်လိုကို ယွမ်ငါးသန်း သုံးပစ်လိုက်နိုင်ပါသနည်း။
လစာယွမ်၇၀၀၀ကျော်ဝန်ထမ်းလစာနှင့် ပြန်ဆပ်လျှင်လည်း ဘယ်အချိန်လောက်မှ ဘယ်ဆပ်နိုင်ပါမည်နည်း။
"မပေးနိုင်ဘူး။"
ကျယ်ဟန်တစ်ယောက် အတွေးများနှင့် ငေးငိုင်သွားမိချိန်တွင် ကုန်းကျွင်း၏ အသံက အေးစက်စွာ ထွက်ပြောလာသည်။ ကျယ်ဟန်တစ်ယောက် လန့်သွား၍ ထခုန်မတတ်ပင်။
"ဘာပြောတယ်။ ဒီလောက်နာမည်ကြီးနေပြီး ဒီလောက်လေးတောင် မပေးနိုင်ဘူးတဲ့လား။"
"နာမည်ကြီးနေတိုင်း ယွမ်ငါးသန်းရှိရမှာလား? ဟင်းဟင်း... ပေးချင်ရင်တောင် လုပ်ငန်းတွေထဲ ပြန်ထည့်ထားလို့ မရှိဘူးခင်ဗျ။"
ကုန်းကျွင်း၏ ခပ်မဲ့မဲ့ အပြုံးက ရေခဲသဖွယ်ပင်။ တစ်ခြားတစ်ယောက်သဖွယ် ပုံစံပြောင်းသွားသော သူ၏ ကောင်ငယ်လေးကို ကြည့်ရင်း ရင်ထဲမှာ ဝမ်းနည်းလာရသည်။
သူ့ကလေးတစ်ယောက် အတွေ့အကြုံဆိုးတွေကြောင့် အရွယ်ရောက် ပြောင်းလဲသွားခဲ့ပြီ။
ထိုမဲ့ပြုံးက သူ့အတွက်ပါဆိုလျှင် ကျယ်ဟန်တစ်ယောက် ငိုချမိလိမ့်မည်။
ထိုမထုံတက်တေး အေးစက်စက်စကားတွေက ကုန်းကျွင်း၏ အမေ အဒေါ်ကြီးကိုတော့ ဆွေ့ဆွေ့ခုန်စေသည်။
"မပေးနိုင်ရင် မင်းနာမည်ဖျက်မယ်!!! မင်းကို တရားစွဲမယ်။ ဟုတ်ဟုတ် မဟုတ်ဟုတ် လူတွေက ပြောစရာတော့ ဖြစ်မှာပဲ။ မင်းကို ထပ်လုပ်စားလို့ မရအောင် လုပ်မယ်။"
"ဟုတ်ကဲ့၊ လုပ်ပါ ခင်ဗျာ။ ကျွန်တော် ဒီအလုပ်မလုပ်ရလည်း ကျောင်းဆက်တက်ပြီး သာမာန်အလုပ်လဲ လုပ်လို့ရတယ်။ အလုပ်လုပ်ချင်ရင် ပိုက်ဆံရှာရတာ မခက်ပါဘူး။"
YOU ARE READING
Our Love Story