Chapter 6

150 32 23
                                    

Our love story 5

Unicode

"အဆင်ပြေခဲ့လား?" ကျယ်ဟန်က မေးလိုက်တော့ ခွေးပေါက်လေးက ခေါင်းကုတ်နေသည်။

"ဟင်အင်း။ သူတို့က ကျွန်တော့် သဘောထားကို အရေးမစိုက်ဘူး။"

"ဖြည်းဖြည်းပေါ့။ အဆင်ပြေသွားမှာပါ။" ကျယ်ဟန်က ပြောရင်း သူ့ခေါင်းလေးကို အသာပုတ်ပေးတော့ မျက်လုံးလေးက အရောင်လက်လာခဲ့သည်။

"ကျွန်တော့်ဘဝမှာ ဘယ်သူမှ မလိုဘူး။ ကိုကိုပဲ လိုတယ်။"

ကုန်းကျွင်းက ပြောရင်း သူ့ကို ဆွဲဖက်လိုက်သည်။ လူလယ်ခေါင် studioအရှေ့ပင် ဖြစ်သော်လည်း သူက မရုန်းနေတော့ပဲ အလိုက်သင့် ပွေ့ထားမိသည်။

"ကျွင့်ကျွင့်...."

"ဗျာ?"

"ငါ Companyတစ်ခုမှ အလုပ်ထပ်ရတယ်လို့ ခုနက ဖုန်းဝင်လာတယ်။ နောက်ပိုင်းတွေ မင်းလေးအနားမှ သိပ်မရှိပေးနိုင်၊ မင်းကို သိပ်လိုက်မပို့ပေးနိုင်တော့ဘူးနော်။ ဒါကြောင့် မင်းလည်း scheduleတွေဘာတွေ သေချာဆွဲထားနော်။ နောက်တစ်ယောက်လောက် ကူညီပေးမယ့်သူလည်း ရှိရင် ကောင်းမယ်။"

"ဟာ... ကိုကို?!.... ကိုကို ကတိပေးထားတယ်လေ။ ကိုကို ကျွန်တော်နဲ့ အတူ ရှိနေဖို့။ ကျွန်တော်.. ကျွန်တော် ကြိုးစားမှာပါ။ ခဏလေးပဲ... ခဏလေးပဲ-"

"ငါအလုပ်မလုပ်တော့ရင် နှစ်ယောက်သား ဘာနဲ့ သွားစားမလဲ? တစ်ကိုယ်ကောင်းမဆန်ချင်စမ်းပါနဲ့၊ ကျွင့်ကျွင့်ရယ်။"

"ကျွန်တော် part time တစ်ခုလောက် သွားလုပ်မယ်လေ။ ကိုကို ရုံးအလုပ်တွေ မသွားပါနဲ့တော့။ မသွားချင်ဘူး မဟုတ်လား..."

မျက်ရည်တွေ ဝိုင်းနေသည့် ခွေးပေါက်လေးကို ကြည့်ရင်း သူ့ရင်တွေ နာကျင်ရသည်။

"အရူးလေး၊ မင်းသာ နားနားနေနေနဲ့ ကိုယ့်အလုပ်ကို အေးအေးဆေးဆေးလုပ်။ ရုံးအလုပ်လည်း paperworkတွေနဲ့ ထိုင်ပြီး လုပ်နေရုံပါပဲ။ ကိစ္စမရှိပါဘူး။"

"ဟင့်...!"

ရှိုက်သံထွက်လာတော့ ကျယ်ဟန် သူ့ကို တင်းတင်းကျပ်ကျပ်ပွေ့ဖက်မိသည်။ အလွန်လိမ္မာသော ကောင်ငယ်လေး ကျွင့်ကျွင့်၏ စိတ်သဘောထားကြောင့်လည်း တစ်ခါမှ မရခဲ့ဘူးသော ချစ်ချင်းကို ခံစားရပြီး ရင်ထဲမှာ နွေးထွေးလှိုက်ဖိုရပါသည်။

Our Love Story Where stories live. Discover now