Chapter 17

112 15 7
                                    

Unicode

နောက်တနေ့ မနက်ပိုင်း၆နာရီလောက်တွင် အားရှန်းတစ်ယောက် ကုန်းကျွင်း၏ မနက်ပိုင်းအစီအစဉ်အတွက် လာနိုးရင်း အခန်းတွင်း မည်သူမှ မရှိသည်ကို တွေ့သော်အခါ မျက်လုံးပြူးသွားလေ၏။

တစ်ညတာလုံး အိပ်စက်ထားခြင်း မရှိသော ဟိုတယ်ကုတင်၊ အသုံးပြုထားမခံရသော ဆိုဖာနှင့် ရေချိုးခန်း အစရှိသည်တို့က အားရှန်းရင်ကို ထိပ်လန့်စေသည်။

"အယ်မလေး ကိုကို။ ရှာကြပါဦး။"

ကုန်းကျွင်း၏ အဖွဲ့သားများ ဟိုတယ်တစ်လုံးလုံးသာမက ဟိုတယ်၏ CCTVကပါ ရှာရင်း ည၁၀နာရီလောက်ကတည်းကပင် ထွက်သွားကြောင်း တွေ့လိုက်ရသောအခါ ပို၍ခေါင်းမီးတောက်သွားကြသည်။

ဖုန်းကို တဂွမ်ဂွမ်ဆက်သော်လည်း စက်ပိတ်ထားသော်ကြောင့် သူတို့၏ အဖွဲ့သားများ အပြင်ထွက်ရှာကုန်ကြသည်။ ထို့ပြင် ရဲပါ အကူအညီတောင်းရန် စဉ်းစားရင်း မနေ့က ကော်ဖီဆိုင်လေးကို သွားသတိရသွားသည်။ သူတို့အစ်ကိုက ထိုဆိုင်လေးကို သံယောဇဉ်ရှိသည့်ပုံ ပေါ်ခဲ့သည်လေ။

"အစ်မရှုနဲ့ ကျွန်မ ကားယူပြီး ပတ်ရှာရင်း မနေ့ကဆိုင်လေးနားကြည့်ခဲ့မယ်။ အစ်ကိုတို့က လူစုခွဲရင်း တစ်ခြားဘက်တွေကနေ ရှာပေးပါ။"

ထိုဆိုင်လေးရှေ့တွင်တော့ ဆိုင်ရှေ့နံရံကို မှီထိုင်ရင်း ဒူးခေါင်းနှစ်လုံးကြား လက်ပိုက်ခေါင်းမှောက်ကာ စိတ်ပျက်လက်ပျက် ထိုင်နေသော ရင်းနှီးလှသည့် လူပုံသဏ္ဌန်ကို တွေ့မိသွားတော့ ဝမ်းသာသွားလေ၏။

"ကိုကို...."

အားရှန်းဘေးနားသွားထိုင်ရင်း ကုန်းကျွင်းလက်ကို အသာထိကိုင်လိုက်တော့ ချက်ချင်း ခေါင်းမော့လာလေသည်။

"အားရှန်း.... ငါ သူ့ကို တွေ့ပြီ။ တကယ်ပဲ... ဆိုင်ရှင်က သူဖြစ်နေတာပဲ။"

သူမ၏ လက်ကို အားကိုးတကြီး ဆုပ်ကိုင်ထားရင်း သူမ၏ ကိုကို၏ အသံက ခပ်ဖျော့ဖျော့ ထွက်လာခဲ့သည်။

အားရှန်း အံ့ဩလွန်း၍ စကားပင် မပြောနိုင်တော့။ ဘယ်လိုတောင် တိုက်ဆိုင်လွန်းလှတာလဲ။ သူမ၏ အစ်ကို တစ်ချိန်လုံးရှာဖွေနေသောသူကို နောက်ဆုံးတော့ တွေ့မိပြီပေါ့။ ထို့ပြင် တုန်လှုပ်ကာ အားနည်းဖျော့တော့နေသော ကုန်းကျွင်းပုံလည်း သူမ တစ်ခါမှ မမြင်ဖူးခဲ့။

You've reached the end of published parts.

⏰ Last updated: Aug 02, 2023 ⏰

Add this story to your Library to get notified about new parts!

Our Love Story Where stories live. Discover now