Chapter 14

107 16 4
                                    

Sorry... This chaper hits too close to heart.
Read with caution.
Don't like Dont read. :3

Unicode

လက်ရှိအချိန်ကာလ-

ကျယ်ဟန်တစ်ယောက် အိမ်အောက်ထပ်မှ ကော်ဖီဆိုင်လေးကို ပိတ်လိုက်ပြီး အပေါ်အိမ်ခန်းလေးတွင် ညတာအတွက် အနားယူရန် အပေါ်ထပ်နှင့် အောက်ထပ်ကို ဆက်သွယ်ထားသော လှေကားလေးအတိုင်း တက်လာခဲ့သည်။ ထိုနောက်တော့ အပေါ်တံခါးသော့ကို လုံခြုံစေရန် သေချာစွာ ခတ်လိုက်ပြီး ရေချိုးခန်းထဲသို့ တန်းဝင်သွားသည်။

သူ့၏ ရိုးရှင်းလှစွာသော တစ်နေ့တာသည် ကုန်ဆုံးခဲ့ပြီ။

ယခုအခြေအနေသည် သူရုံးဝန်ထမ်းအလုပ်သမားဘဝနှင့် များစွာ ခြားနားသည်ပဲ ဖြစ်သည်။ သူ၏ ကော်ဖီဆိုင်လေးတွင် သူသာ ပိုင်ရှင် သူသာ သူဠေးဖြစ်သည့်အတွက် ရုံးအလုပ် စိတ်ဖိစီးမှု stressမှ လွတ်မြောက်သွားပြီ ဖြစ်သည်။ ကော်ဖီဆိုင်ကလေးသည် ကောင်းမွန်စွာ လည်ပတ်နေသည်သာမကပဲ သူ့အား ချောင်ချောင်လည်လည်နှင့် အကူဝန်ထမ်းကလေးနှစ်ယောက်ပါ ငှားနိုင်သည့်အထိ အဆင်ပြေစေသည်။ အကူကောင်လေးနှစ်ယောက်ကြောင့်လည်း သူ့မှာ နားနားနေနေ သက်တောင့်သက်သာနှင့် ဘဝကို ဖြတ်သန်းနိုင်ပြီ ဖြစ်သည်။

သူ၏ ကောင်ငယ်လေးတစ်ယောက် သူ့ဘေးတွင် မရှိတော့သည်က လွဲရင်ပေါ့။

ထိုစဥ်က သူဆုံးဖြတ်ခဲ့သည်မှာ ထိုကောင်ငယ်လေး ကောင်းဖို့အတွက်ဟု သူတွေးထင်ခဲ့သည်။

သူဖယ်ခွာခဲ့သည်နှင့် အစွမ်းကုန်တောက်ပလာသော သူ့၏ ကောင်ငယ်လေးကို ကြည့်ရင်း သူ၏ ဆုံးဖြတ်ချက် မှန်ကန်ခဲ့သည်ဟုလည်း ယူဆမိသည်။

အငှားအခန်းတန်းလျားကျဥ်းလေးဘဝမှ နှစ်ယောက်ကြိုးစားခဲ့ရင်း ယခုလို အောင်မြင်ကျော်ကြားနေသော သူ၏ ခွေးပေါက်လေးကို အဝေးမှ ကြည့်ရင်း သူ့ရင်ထဲမှာ ဂုဏ်ယူစိတ်က အပြည့်နှင့်။

သို့သော် သူ တစ်ယောက်တည်း ဖြစ်သွားချိန်တော့ အသည်းကွဲ ဒဏ်ရာကို လူးလိမ့်နေအောင် ခံစားခဲ့ရသည်။ ကြော်ညာဆိုင်းဘုတ်များ TVဖန်သားပြင်ပေါ်များတွင် တောက်ပနေသော ကုန်းကျွင်းကို မြင်လျှင် အထီးကျန် ဝမ်းနည်းစိတ်နှင့် သတိရလွမ်းဆွတ်မှုက သေမတတ်ပင် ခံစားရမြဲ ဖြစ်သည်။

Our Love Story Where stories live. Discover now