Chapter 4

167 33 25
                                    

Unicode

နောက်နေ့ ကုန်းကျွင်းနိုးလာတော့ သူ့အမေကို မေးနေသည့် ကလေးကို ကျယ်ဟန် ပြန်မဖြေရက်။

သူ့ကို စွန့်ပစ်ထားခဲ့ပြီး ထွက်သွားသည်ကို လက်ခံလာသောအခါ ကျယ်ဟန့်ကို ဖတ်ပြီး ငိုရှိုက်နေသည့် ကလေးငယ်ကို ကျယ်ဟန် အသာပြန်လည်ပွေ့ဖက်ကာ နှစ်သိမ့်ပေးခဲ့သည်။

"မင်းမှာ အစီအစဥ်တစ်ခုခုရှိလား? နေစရာရော ရှိရဲ့လား၊ ကုန်းကျွင်း?"

ငြိမ်သက်သွားသော ကောင်ငယ်လေးကြောင့် ကျယ်ဟန် သက်ပြင်းခပ်ဖွဖွ ချလိုက်သည်။

"မရှိရင် ငါနဲ့နေလေ၊ ကုန်းကျွင်း။ မင်းပစ္စည်းတွေ ဒီဖက်ငါ့အိမ်ခန်းထဲ ပြောင်းလာခဲ့။ အိမ်ခန်းလေးက နှစ်ကိုယ်စာတော့ ကောင်းကောင်းအဆင်ပြေလောက်ပါတယ်။"

"တ- တကယ်ပြောတာလားဟင်?" တုန်တုန်ရီရီနှင့် မယုံနိုင်စရာ ရှိုက်ငိုမတတ် ပြောလာသောကြောင့် ကျယ်ဟန် အသာပြုံးပြလိုက်ပြီး ခေါင်းလေးကို ခပ်ဖွဖွပုတ်ပေးလိုက်သည်။

"တကယ်ပြောတာ။ အခု ဆန်ပြုတ်လေး စားလိုက်။ ခဏနေရင် ငါ မင်းနဲ့ ပစ္စည်းတွေ ကူလိုက်သိမ်းပေးမယ်။"

ခုနလေးတင်မှ သူထွက်ဝယ်ထားသော ဆန်ပြုတ်ကို စားစေပြီး ကုန်းကျွင်းတို့ အခန်းထဲ ကျယ်ဟန်လိုက်လာကာ ပစ္စည်းများ ကူသိမ်းပေးသည်။ ပစ္စည်းများက များများစားစားမရှိ။ လူနေနိုင်လောက်သည်ဆိုရုံသာ။

နှစ်ယောက်သားရှင်းလိုက်သောအခါ ပစ္စည်းများက နာရီဝက်မကြာခင်ပင် သိမ်းဆည်းပြီးသွားသည်။ သိမ်းနေရင်း ရှိုက်နေသော ကောင်ငယ်လေးကို ကြည့်ရင်း ကျယ်ဟန်စိတ်ထိခိုက်ရသည်။ ထိုမြင်ကွင်းသည် ကြေကွဲဝမ်းနည်းဖွယ်ပင် မဟုတ်ပါလား။

ထိုကြောင့်လည်း ထိုကောင်ငယ်လေးကို တတ်အားသရွေ့တော့ သူကူညီမည်ဟုဆုံးဖြတ်ခဲ့သည်။

***

ကျယ်ဟန့်၏ အိပ်ခန်းသည် သိပ်မကြီးလှသော အခန်းငယ်လေးဖြစ်ပြီး အိပ်စက်ရာမှာ ခေါက်သိမ်းလို့ရသော ဖူတွန်မှို့မွေ့ရာနှင့် ခေါင်းအုံးတစ်လုံး စောင်တစ်ထည်သာ ဖြစ်သည်။ ကုန်းကျွင်းက သူ့နှင့်အတူ မှို့မွေ့ရာကို သယ်လာသောအခါ ကျယ်ဟန့်၏ အိပ်ရာနား ဘေးချင်းကပ်ရက် တူတူနေရာ ချလိုက်သည်။

Our Love Story Where stories live. Discover now