Chapter 5

155 29 31
                                    

Unicode

ရွာငယ်လေး၏ တစ်ခုတည်းသော Supermarketမှ ဝယ်ယူလာသည့် ကုန်းကျွင့်၏ endorsement ခေါက်ဆွဲခြောက်ဘူးကို သူ၏ အိပ်ခန်းထဲမှ မှန်ဗီဒိုအတွင်း တခြားendorsementပစ္စည်းနှင့်အတူ ထားရှိစေလိုက်သည်။ ဘူးခွံပေါ်မှ ကုန်းကျွင့်သည် အငွေ့တထောင်းထောင်းထနေသည့် ခေါက်ဆွဲဘူးပုံနှင့် လွန်စွာမှ ကြည့်ကောင်းနေလေ၏။

"ဘာလို့ ဒီလောက်တောင် ချောလာရတာလဲ။"

သူ ခပ်တိုးတိုးရေရွတ်ကာ မှန်ဘောင်ကို ပြန်ပိတ်လိုက်သည်။

လူကြိုက်များ အောင်မြင်ကျော်ကြားပြီး အရမ်းကို ခန့်ညားချောမောနေသော ကုန်းကျွင်းက ယခုသူ့အခြေအနေနှင့် မိုးမြေအလား ကွာခြားနေသည်။

မြို့ကြီးပြကြီးသာမက ရွာငယ်လေး၏ Billboardအချို့တွင်ပါ နေရာယူထားသော ကုန်းကျွင်း-

လူကြိုက်များ ကျော်ကြားနေပြီး မင်းသမီး မင်းသားများ ပတ်လည်ဝိုင်းနေသော ကုန်းကျွင်း-

သူသည် အညတရ သန်းပေါင်းများစွာသော လူထဲမှ သာမန်လူတစ်ယောက်သာဖြစ်သည်။

ရာဂဏန်းမကသော endorsement ပစ္စည်းများက သူ၏ မှန်ဘောင်ထဲတွင် အစီအရီ။ တာရှည်မခံလောက်သော ပစ္စည်းများကိုလည်း စနစ်တကျ packingကိုသာ ထုတ်ယူကာ အမြတ်တနိုး သိမ်းစည်းထားသော ကျန်းကျယ်ဟန့်။

သူ့၏ ခွေးပေါက်လေးကို လွန်စွာမှ လွမ်းပါသည်။

***

လွန်ခဲ့သော အတိတ်ကာလ-

"ကိုကို... ကိုကို...!"

ဝုန်းဒိုင်းကြဲပြေးဝင်လာသော ကောင်ငယ်လေးကြောင့် ကျယ်ဟန် အဝတ်တွေ လှန်းနေရာမှ တွန့်ခနဲ ဖြစ်သွားသည်။

"ငါဒီမှာ၊ ကျွင့်ကျွင့်။ အလန့်တကြားနဲ့။"

"အဝတ်တွေ ထားခဲ့။ ပြစရာရှိတယ်။ မြန်မြန် မြန်မြန်။"

"ဟင်...." ကျယ်ဟန် ငိုင်တွေတွေနှင့် အခန်းပြင်ထွက်လာတော့ ၁၉နှစ်သား ခွေးပေါက်လေးက စိတ်မရှည်စွာ သူ့ခန္ဓာကိုယ်ကို ကောက်ပွေ့လိုက်ပြီး ဧည့်ခန်းပြင်သို့ ချီခေါ်သွားသည်။

Our Love Story Where stories live. Discover now