Chapter 8

165 27 22
                                    


Unicode

ဆေးရုံအသုံးစရိတ်များမှာ အလုပ်မှ insuranceက တစ်စိတ်တစ်ပိုင်းရသော်လည်း ကျန်နေသေးသော(%) အနည်းငယ်ကပင် သွေးတက်စရာ ကောင်းလှသည်။ သူ့မှာ bankထဲမှ ကျန်သည်များကို ဝေချမ်းခွဲဝေ စဥ်းစားနေရင်းမှ ကုန်းကျွင့်က Showလျှောက်လို့ရလာသော ငွေနှင့် မဆိုင်းမတွ ကောက်ရှင်းလိုက်သောအခါ ကျယ်ဟန်မျက်လုံးပြူးသွားသည်။

"ကုန်းကျွင့် မင်းနောက်ပိုင်း လိုရင်သုံးဖို့ သိမ်းထားရမှာလေ။"

"ကိုကို?!"

သူက စိုးရိမ်လို့ စေတနာနဲ့ ပြောလိုက်သည်ကို မအော်စဖူး အအော်ခံလိုက်ရသောအခါ ကျယ်ဟန်တစ်ယောက် လန့်သွားရသည်။ ထို့နောက်တော့ မယုံနိုင်စွာနှင့် မျက်လုံးဝိုင်းဝိုင်းလေးများတွင် မျက်ရည်များက ချက်ချင်းဝေ့သီလာကြသည်။

"ကျွန်တော့်ကို ဒီလောက်တော့ လုပ်ပေးခွင့်ပြုပါ၊ ကိုကိုရယ်။ ဒီလောက်ဒဏ်ရာတွေ ခံစားရပြီးပြီပဲ။ဘာလို့ ဒါလေးကို ဂရုစိုက်လိုက် ပြောနေရတာလဲ? အကုန်လုံးက ကိုကိုနဲ့စာရင် ဘာမှအရေးမကြီးဘူး။"

သူ့ဘဝကို စိတ်ပူလို့ ပြောတာကို ဘာဖြစ်လို့ အော်ရတာလဲ။ ကုန်းကျွင်းထံမှ တစ်ခါမှ အအော်မခံရဖူးသဖြင့် သူစိတ်ဆိုးသလို စိတ်နာသလို ဝမ်းနည်းသွားရသည်။ မျက်လုံးတွင် မျက်ရည်များက ပူတက်လျှက်။

"..........."

"ကျွန်တော့်အတွက် ဒါလေးက ဘာမှ အရေးမကြီးဘူး။ ကိုကို့အတွက်ပဲ။ နောက်ထပ်လည်း showသုံးခုရှိသေးတယ်။ ထပ်ရဦးမှာ- ဟင်... ကိုကို ငိုနေတယ်?!"

ပြောရင်းဆိုရင်း ဓာတ်လိုက်ခံရသလို လန့်သွားပြီး သူ့အနားဆီသို့ အပြေးရောက်လာကာ မျက်ရည်တွေကို လာသုတ်ပေးရန် ကြိုးစားသော ကုန်ကျွင်းကို စိတ်ဆိုးတာ တွန်းလွှတ်မိသည်။

"ဘယ်မှာ ငိုလို့လဲ?! သွားစမ်း။ ငါ့ကို မထိနဲ့!"

"ကိုကို... ကိုကို... မငိုပါနဲ့။"

"သွားဆို။ ခွေးကောင်။ ဟင့်...."

ရှိုက်သံထွက်လာသောအခါ သူ့ကိုယ်သူပါ လန့်သွားမိသည်။ ဟင်း... စိတ်က ပျော့လာပြီပဲ။ ဒါလေး အဆူခံရတာ ကြားရတာနဲ့တင် အားငယ်ပြီး မျက်ရည်က ထွက်လာပြီ။

Our Love Story Where stories live. Discover now